မြန်မာနိုင်ငံထဲက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုးငါးဦးကို ထိုင်း ဖမ်းဆီး
တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီတရုတ်လူမျိုးတွေကို ကားမောင်းပို့ပေးဖို့ ဘတ် ၆၅၀၀ ပေးပြီး ကားငှားခဲ့တာလို့ ထိုင်းလူမျိုး ကားဒရိုင်ဘာက ပြောပါတယ်။
-
RFA Burmese
2025-03-13 -
-
-
ထိုင်းရဲတပ်ဖွဲ့ဝင် အချို့အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ထိုင်းနိုင်ငံတောင်ပိုင်း Pattani ပြည်နယ်တွင် တွေ့ရစဉ်။
Tuwaedaniya MERINGING / AFP
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုး ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၁၃ ရက်နေ့ ဖော်ပြပါတယ်။
ပစ်ကပ်ကားနှစ်စီးပေါ်မှာ ပါလာတဲ့ တရုတ်လူမျိုး ငါးဦးကို အယုဒ္ဓယမြို့နယ်ထဲက အဝေးပြေးလမ်းအမှတ် (၃၂) ပေါ်မှာ ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ကောင်ကရစ် (Kongkrit) က ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီတရုတ်လူမျိုးတွေကို ကားမောင်းပို့ပေးဖို့ ဘတ် ၆၅၀၀ ပေးပြီး ကားငှားခဲ့တာလို့ ထိုင်းလူမျိုး ကားဒရိုင်ဘာ နှစ်ဦးထဲက တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ တရုတ်လူမျိုးတွေကတော့ သူတို့ဟာ နယ်စပ်လမ်းအတိုင်း တာ့ခ်ခရိုင်ထဲကို ဝင်ရောက်လာပြီး မဲဆောက်မြို့ကတစ်ဆင့် ဘန်ကောက်ကို အလုပ်လုပ်ဖို့ သွားကြမှာလို့ ဘာသာပြန်ကတစ်ဆင့် ပြောပါတယ်။