လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့စီစဉ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းအစိုးရက ကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ ထိုင်း PBS သတင်းဌာနက နိုဝင်ဘာလ ၃ ရက်မှာ ရေးသားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တစ်နေရာကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းအစိုးရက ကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ ထိုင်း PBS သတင်းဌာနက နိုဝင်ဘာလ ၃ ရက်မှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြောဆိုတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chai Wacharonke က ထိုင်း PBS သတင်းဌာနမှာ ပြောထားတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးအနေနဲ့ ထိုင်းနိုင်ငံသားတွေကို လုံခြုံဘေးကင်းရာမှာနေရာချထားပေးပြီး လိုအပ်တာတွေ ထောက်ပံ့ပေးထားတယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကုန်ပိုင်းကစတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ထဲမှာ ထိုင်းလူမျိုး ၁၆၂ ဦး အပါအဝင် နိုင်ငံခြားသား ၅၀၀ ခန့် ပိတ်မိနေတာလို့ ထိုင်း PBS သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းလူမျိုးအပါအဝင် နိုင်ငံခြားသားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ကယ်ထုတ်ထားရတဲ့သူတွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

လတ်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့အပါအဝင် ဒေသတချို့မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့တွေကို သိမ်းယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org