ထိုင်းတရားရုံး Move Forward ပါတီကို ဖျက်သိမ်း၊ ပါတီခေါင်းဆောင်ကို နိုင်ငံရေးလှုပ်ရှားခွင့် ဆယ်နှစ်ပိတ်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါတီကိုဖျက်သိမ်းဖို့ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်တာပါ။

Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရက်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က ဘန်ကောက်မြို့ရှိ ပါတီရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Photo: AFP

ထိုင်းနိုင်ငံက လူကြိုက်အများဆုံး နိုင်ငံရေးသမား ပီတ လင်ဂျာရွန်ရက်ကို နိုင်ငံရေးလှုပ်ရှားခွင့် ဆယ်နှစ်ပိတ်ပင်လိုက်ပြီး သူ့ ပြုပြင်ပြောင်းလဲရေး Move Forward ပါတီကိုလည်း သြဂုတ် ၇ ရက်က ဖျက်သိမ်းလိုက်ပါတယ်။

ရှေးရိုးစွဲဖြစ်တဲ့ တော်ဝင်မိသားစုကို အသရေဖျက်မှု ဥပဒေတွေကို ပီတက ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသူလည်းဖြစ်တယ်လို့ AFP ကဖော်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါတီကိုဖျက်သိမ်းဖို့ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်တာပါ။

ထိုင်းက တင်းကျပ်တဲ့ တော်ဝင်မိသားစု အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲမယ့် ကတိကဝတ်ကြောင့် လူငယ်တွေနဲ့ မဲဆန္ဒရှင်တွေက မနှစ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်ရွယ် ပီတကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရှေးရိုးစွဲနိုင်ငံရေးသမားတွေက ဆန့်ကျင်တဲ့အတွက် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

အဲဒီကတိကြောင့် Move Forward ပါတီကို ဖျက်သိမ်းရုံမက သူနဲ့ အမှုဆောင်အဖွဲ့ဝင်တွေကို နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ် ပိတ်ပင်လိုက်တာပါ။

ထိုင်းတရားရုံးက ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org