ထိုင်းမှာ တရားမဝင် မြန်မာ ၃၃ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃၃ ယောက် မတ် ၁၆ ရက်မနက်အစောက ဖမ်းဆီးခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားတွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃၃ ယောက် မတ် ၁၆ ရက်မနက်အစောက ဖမ်းဆီးခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ အလုံပိတ် ပစ်ကပ်ကားတစ်စီးပေါ်မှာ လိုက်ပါလာတာဖြစ်ပြီး အဲဒီကား ကားဘီးပေါက်သွားတဲ့နောက် ထိုင်းနိုင်ငံသား ယာဉ်မောင်းက ကားနဲ့လူတွေကို ချန်ခဲ့ပြီး ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

နယ်မြေခံတွေရဲ့ သတင်းပေးချက်နဲ့ အဲဒီကားကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ နောက်ဘက်အလုံပိတ်ခန်းထဲမှာ မြန်မာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၃၃ ယောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လတ်တလော သူတို့ကို Muang ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်တဲ့ အလုပ်သမား လေးသိန်းကျော် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org