ဒီးမော့ဆို ဆင်တောင်ရွာမှာ မီးရှို့ခံထားရတဲ့ လူသုံးဦး အလောင်းတွေ့

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ရွာမှာ မတ်လ ၂ ရက်နေ့က ဒေသခံသုံးဦး ပစ်သတ်မီးရှို့ခံခဲ့ရတယ်လို့ KNDF တပ်ရင်း (၃) က မတ်လ ၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
နေအိမ်ကိုပါ မီးရှို့ခံထားရပြီး အလောင်းတွေဟာ ပြာပုံနဲ့ အရိုးတွေလောက်ပဲ ကျန်ခဲ့တာ ကြောင့် သေဆုံးသူတွေရဲ့ အချက်အလက်အပြည့်အစုံကို သိနိုင်ဖို့ ကရင်နီပြည် ရဲဌာန (KSP) ကို အမှုလွှဲပြောင်းထားတယ်လို့ KNDF (ဖယ်ခုံ) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"မတ်လ ၂ ရက်နေ့မှာ တွေ့တဲ့ဟာပါ။ သေဆုံးသူတွေကို အတည်ပြုဖို့ KSP ကို အမှုလွှဲထားပါတယ်"
ဒါဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့လည်း KNDF ရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဆင်တောင်ရွာထဲက နေအိမ်တစ်လုံးကို မီးရှို့သွားတာ၊ နေအိမ်တချို့ကို မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာ၊ နေအိမ်ပရိ ဘောဂတွေကို ရိုက်ခွဲဖျက်ဆီးသွားတာတွေလည်း ပြုလုပ်သွားလို့ အမှုလွှဲပြောင်းထား တယ်လို့ KNDF(ဖယ်ခုံ) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့မှာ အရပ် သား လေးဦးကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ KNDF တပ်ရင်း (၃) က ထုတ်ပြန်ထားပါတယ်။