တိုယိုတာ ကားကုမ္ပဏီ မြန်မာနိုင်ငံမှာ ဖွင့်မည်

ဂျပန် တိုယိုတာ ကားကုမ္ပဏီက ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ မော်တော်ကားသစ်တွေ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ရုံလာရောက် ဖွင့်လှစ်လုပ်ကိုင်မယ်လို့ ကြေညာပါတယ်။

ဂျပန်နိုင်ငံက တိုယိုတာ ကားကုမ္ပဏီ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် Photo: KAZUHIRO NOGI / AFP

ဂျပန် တိုယိုတာ ကားကုမ္ပဏီက ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ မော်တော်ကားသစ်တွေ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ရုံလာရောက် ဖွင့်လှစ်လုပ်ကိုင်မယ်လို့ ကြေညာပါတယ်။

အဲဒီစက်ရုံကို သီလဝါ အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မှာဖြစ်ပြီး၊ ပစ်ကပ် ထရပ်ကားတွေ ထုတ်လုပ်မယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုယိုတာက တစ်နှစ်ကို လူစီးကားနဲ့ ကုန်တင်ကား နှစ်ထောင်ဝန်းကျင် မြန်မာနိုင်ငံကို တင်သွင်းနေတာပါ။

တိုယိုတာ ကုမ္ပဏီ အနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ၊ နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ မော်တော်ယာဉ်နဲ့ ယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံပေါင်း ၅၀ ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ တည်ဆောက် ထုတ်လုပ်မယ့် စက်ရုံဟာ မဟာဗျူဟာကျတဲ့ အခြေစိုက်စခန်းသစ်တစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org