မိုးလေဝသပညာရှင် ဦးထွန်းလွင် ကွယ်လွန်
မိုးလေဝသပညာရှင်ဦးထွန်းလွင် နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
-
2019-11-04 -
-
-
မိုးလေဝသပညာရှင်ဦးထွန်းလွင် နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဦးထွန်းလွင်ဟာ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနမှာ နှစ်ပေါင်း လေးဆယ်ကျော် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
အစိုးရတာဝန်က အငြိမ်းစားယူခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်၊ ခန့်မှန်းချက်တွေကို မိုးဇလပညာရှင်တဦးအနေနဲ့ ပြည်သူတွေကို ဆက်ပြီး အသိပေးခဲ့သူပါ။
ဦးထွန်းလွင်ရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကတဆင့် နေ့စဉ်ထုတ်ပြန်ပေးခဲ့သူဖြစ်ပါတယ်။
တရုတ်နိုင်ငံက လာတည်ဆောက်တဲ့ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း ဒီစီမံကိန်းကို ဆက်ပြီးလုပ်ဆောင်မယ့်သူတွေဟာ သမိုင်းတရားခံတွေ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တဲ့ ပညာရှင်တဦးလည်း ဖြစ်ပါတယ်။
သူ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပါပြီ။