မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို ကုလကိုယ်စားလှယ်တိုက်တွန်း

2022.01.13
မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို ကုလကိုယ်စားလှယ်တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို ၂ဝ၁၃ ခုနှစ်က တွေ့ရစဉ်။
Photo: Un Web TV

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို သွားရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းက အကျပ်အတည်းတွေ ပိုပြီး တိုးမလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းနေတာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့လည်း online ကတဆင့် မြန်မာနိုင်ငံအရေးကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေ ရလာစေဖို့ တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တနေ့တခြား ပိုပြီးဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံ အခြေအနေကို အထူးစိုးရိမ်မိကြောင်းနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာမှာ ပဋိပက္ခအတွင်း ပါဝင်သူအားလုံးရဲ့ အသံတွေကို နားထောင်ရမှာဖြစ်ပြီး၊ အားလုံးနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်မှာ အလေးအနက်တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-01-13 19:05

တိုးတက်လားတော့မသိဘူး ဟွန်ဆန် လန်းသွားပြည်သူတွေကျော့မလုံဖြစ်နေပီရှို့လိုက်တဲ့မီးကလဲပြောမနေနဲ့