မင်းတပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ UNICEF တောင်းဆို

2021.05.17
မင်းတပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ UNICEF တောင်းဆို မင်းတပ်မြို့နယ်က စစ်ဘေးရှောင် ကလေးငယ်တွေကို တွေ့ရစဉ်
Photo CJ

ကလေးငယ်တွေ အပါအဝင် နှစ်ဘက်တိုက်ပွဲတွင်း ပိတ်မိနေသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ရန်ကုန်အခြေစိုက် “ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများရန်ပုံငွေအဖွဲ့” UNICEF က ဒီကနေ့ မေလ ၁၇ ရက် နေ့မှာ တောင်းဆိုလိုက်ပါတယ်

လွန်ခဲ့တဲ့မိနစ်ပိုင်းကမှ UNICEF (Myanmar) ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာကနေ တောင်းဆို လိုက်တာဖြစ်ပါတယ်။

UNICEF အနေနဲ့ ဒေသတွင်း ကျန်ရှိနေသူအားလုံး၊ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် ဆေးဝါးထောက်ပံ့မှုနဲ့၊ အခြားအရေးကြီးတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတွေရရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် မင်းတပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ယူနီဆက်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ချွင်းချက်မရှိ အာမခံပေးရမယ်၊ ကလေးတွေရဲ့ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းပြီး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လိုက်နာရမယ်လို့ UNICEF က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်မှုတွေကို ဘယ်အဖွဲ့အစည်းတွေက ရပ်ဆိုင်းရမလဲ ဆိုတာကိုတော့ UNICEF က အတိအကျ ပြောမထားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။