ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ပထမဆုံး မြန်မာခရီးစဉ် စတင်မည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူး ကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စ ယန်ဟီလီ (Yanghee Lee) က သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့ ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေ စုံစမ်းလေ့လာမယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးက ထုတ်ပြန်လိုက် ပါတယ်။
-
2014-07-15 -
-
-
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် Yanghee Lee ပုံ
Photo: Yanghee Lee Twitter
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ်သစ်ဖြစ်သူ မစ္စ ယန်ဟီလီ Yanghee Lee က သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့ ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ ့အခွင့်အရေးအခြေအနေတွေ စုံစမ်းလေ့လာမယ်လို့ဂျနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်ရုံးက ထုတ်ပြန်လိုက်ပါတယ်။
ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်ပြည်နယ် နဲ ့ကချင်ပြည်နယ်အပြင် မန္တလေးမြို့ကိုလည်း သွားမယ် လို့ဆိုပါတယ်။ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲပြု လုပ်မှာဖြစ်သလို၊ သူ့လေ့လာတွေ့ ရှိချက်ကို အစီရင်ခံ စာတစောင်ရေးသားပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။