မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ကို ဖျက်သိမ်းပေးဖို့နဲ့ အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့အတွက် တိုင်းရင်းသား ၂ဝ လောက်က ရန်ကုန်မြို့ တာမွေမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ကို ဖျက်သိမ်းပေးဖို့ အောက်တိုဘာလ ၇ ရက်နေ့က တိုင်းရင်းသားတွေ ရန်ကုန်မြို့ တာမွေမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်မှာ ဆန္ဒပြနေစဉ် Photo: Aung Thain Kha/ RFA

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ကို ဖျက်သိမ်းပေးဖို့နဲ့ အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့အတွက် တိုင်းရင်းသား ၂ဝ လောက်က ရန်ကုန်မြို့ တာမွေမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပြီဖြစ်တဲ့အတွက် ပုဒ်မ ၁၇(၁) ဟာ မရှိသင့်တော့တာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ကချင်တိုင်းရင်းသူ မနန်းခမ်းမူက ပြော ပါတယ်။

"ကျမတို့ တိုင်းရင်းသားပြည်နယ်တွေမှာဆို ပုဒ်မ ၁၇(၁) ဆိုတဲ့ ပုဒ်မမျိုးကို လိုသလိုသုံးစွဲနေကြတယ်၊ အဲ့တော့ ကျမတို့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးက တအားဆုံးရှုံးတယ်ပေါ့နော်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကလည်း ငြိမ်းချမ်းရေးဖော်ဆောင်နေတယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလဆိုတော့ အမှန် တစ်ကယ် ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ်ဆိုရင် ပုဒ်မ ၁၇(၁) ဆိုတာ မရှိသင့်တော့ဘူး၊ မတရားအသင်းနဲ့ စွဲထားတဲ့သူတွေကို အမြန် ဆုံးပြန်လွှတ်ပေးစေချင်တယ်၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အခုနိုင်ငံရေး အကျဉ်းသားတွေကိုလည်း အမြန်ဆုံး လွှတ်ပေးဖို့တောင်းဆိုတယ်ပေါ့"

ဆန္ဒပြပွဲမှာ ကချင်၊ ကရင်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။ အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်မှုနဲ့ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၆ယောက်လောက်ရှိပြီး အမှုရင်ဆိုင်နေရသူတွေလည်းရှိတယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org