မယူတဲ့မြေယာလျော်ကြေးငွေ များ ဒေသဖွံ့ဖြိုးရေးအတွက်သုံးမည်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသမှာ မြေယာလျော်ကြေးကို သတ်မှတ်ထားတဲ့ရက်အတွင်း မယူကြဘူးဆိုရင် ကျန်ရှိတဲ့မြေယာလျော်ကြေးငွေတွေကို လက်ပံတောင်းတောင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သတ်မှတ်သွားမယ်လို့ အစိုးရက ဒီနေ့ပြောလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ မြေယာလျော်ကြေးကို သတ်မှတ်ထားတဲ့ရက်အတွင်း မယူကြဘူးဆိုရင် ကျန်ရှိတဲ့မြေယာလျော်ကြေးငွေတွေကို လက်ပံတောင်းတောင် ဒေသဖွံ့ြဖိုးရေး ရန်ပုံငွေအဖြစ် သတ်မှတ်သွားမယ်ို့ အစိုးရက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် နိုင်ငံတော် သမ္မတရုံးဝန်ြကီးဌာနရုံးခန်းမှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ သမ္မတရုံးဝန်ြကီး ဦးလှထွန်းကို RFA က တွေ့ဆုံမေးမြန်းရာမှာ ဝန်ြကီးက အခုလိုဖြေကြားခဲ့တာပါ

ဒီလိုထုတ်ယူဖို့အတွက်ကို ကျနော်တို့ အကြောင်းကြားတဲ့အတွက် တချို့လည်းဝမ်းသာအားရနဲ့ လာထုတ်ပါတယ်၊ တကယ်လို့ ထုတ်ယူဖို့ တမင်တကာပေါ့လေ မထုတ်ယူခဲ့ဘူးဆိုရင် ဒီစီမံကိန်းက လျော်ကြေးပေးတဲ့ဒီငွေတွေကို သီးခြားစာရင်းဖွင့်ထားပြီးတော့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒါကိုသုံးစွဲသွားမှာဖြစ်ပါတယ်၊ ဒါကိုနိုင်ငံတော်ကလည်း ယူမှာမဟုတ်ပါဘူး”

အစိုးရအနေဲ့ လျော်ကြေးကို ၂ဝ၁၁ ခုနှစ်က ပထမအကြိမ်အဖြစ် ကျပ်သိန်းပေါင်း ၄ သောင်းကျော် ပေးလျော်ခဲ့သလို စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်နဲ့ ဒုတိယအကြိမ်အနေနဲ့ ဒီလ စက်တင်ဘာလ ၄ ရက်နေ့အထိ သိန်းပေါင်း ၃ သောင်းကျော် ပေးလျော်ခဲ့တဲ့အတွက် စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၇ သောင်းကျော် ပေးလျော်ပြီးသွားပြီလို့ ဝန်ကြီးကပြောပါတယ်။

ဒုတိယအြကိမ် မြေယာလျော်ကြေးပေးဖို့ လျာထားတဲ့ ငွေပမာဏက ကျပ်သိန်းပေါင်း ၆ သောင်း ၇ ထောင်ကျော်ဖြစ်ြီး အဲဒီအထဲက ၄၆ ရာခိုင်နှုန်းကျော် လျော်ကြေးပေးပြီးပြီးလို့ သိရပါတယ်။ အဲဒီလျော်ကြေးငွေအားလုံးကို မြန်မာဝမ်ပေါင်ကုမ္ပဏီက ပေးလျော်ခဲ့တာလို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ရှိအခြေအနေနဲ့ ပတ်သက်ြီး သမ္မတရုံးဝန်ြကီး ဦးလှထွန်းကို RFA အဖွဲ့သား ကိုဝင်းနိုင်က နေပြည်တော် သမ္မတရုံးဝန်ြကီးဌာနရုံးခန်းမှာ သီးသန့်တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org