ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပြစ်ဒဏ်ချမှတ်မှု အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ရှုတ်ချ

2022.01.11
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပြစ်ဒဏ်ချမှတ်မှု အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ရှုတ်ချ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဥ်
AFP Photo
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အောက် လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Gregory W Meeksက ခုလို လိမ်လည်ပြီး အပြစ်ဒဏ်ချမှတ် လိုက်တာကို ပြတ်ပြတ်သားသားရှုတ်ချတယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို ခုလိုအပြစ်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ အတုရောင်ဖန်တီပြီး မတရားဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေ အပါအဝင်၊ သတင်းသမားတွေ၊ လူထုအခြေပြုအဖွဲ့တွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အရေးဆောင်ရွက်သူ၊ တက်ကြွလှုပ်ရှားသူတွေဟာ မတရားဖမ်းဆီးခံနေရပါတယ်။ ခုဆိုစစ်တပ်က တရားမဝင် အာဏာသိမ်းတာ တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး၊ တရားမဝင်သူကို ဆက်ပြီး အုပ်ချုပ်ခွင့်မပြုဖို့လို ကြောင်း၊ အမေရိကန်နိုင်ငံအနေနဲ့ ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေနဲ့ ညီညွတ်မှုကို ပြသဖို့လိုနေပါပြီ။ အမေရိကန်လွှတ်တော်အနေနဲ့လည်း စစ်အာဏာရှင်တွေ တာဝန်ခံမှုတာဝန်ယူမှုအတွက် Burma Act မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကိုပြဌာန်းပေးဖို့ အချိန်ရောက်ပြီလို့ ပြောဆိုထားသလို အမေရိကန်အစိုးရအနေနဲ့ လည်း မြန်မာစစ်တပ်ကို ပိုပြီးဖိအားပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကိုပေးဖို့၊ ပြဿနာရပ်တွေ အဆုံးသတ်နိုင်အောင်ကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။