သတင်းထောက်တွေကို ဖိနှိပ်ရာမှာ အစ္စရေးကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုခဲ့

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းပညာတစ်ရပ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်နေတယ်လို့ မနေ့က အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ သြဂုတ် ၈ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/ RFA

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းပညာတစ်ရပ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်နေတယ်လို့ မနေ့က အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှာ သူတို့သုံးတဲ့ လက်ကိုင်ဖုန်းတွေထဲက အချက်အလက် ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့တဲ့ နည်းပညာဟာ အစ္စရေးလ်နိုင်ငံက Cellebrite ဆယ်လီဘရိုက် ကုမ္ပဏီက နည်းပညာဖြစ်တယ်လို့ တရားရုံး စာရွက်စာတမ်းတွေနဲ့ သတင်းထောက်တွေရဲ့ ရှေ့နေတွေက ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဖိနှိပ်မှုတွေအကြောင်း သတင်းထောက်လှမ်း ရေးသားနေချိန် ၂ဝ၁၇ ဒီဇင်ဘာလက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုနဲ့ ရုတ်တရက် ဖမ်းဆီးခံခဲ့ရပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းတွေမှာ တွေ့ရှိချက်တွေနဲ့ တရားစွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို လက်ကိုင်ဖုန်းတွေမှာ အချက်အလက်ရှာဖွေတဲ့ နည်းပညာဟာ အစ္စရေးလ်ကုမ္ပဏီ Cellebrite က ဖြစ်ပြီး အခုအခါ မြန်မာနိုင်ငံ ဈေးကွက်ကနေ မနှစ်ကတည်းက ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံစဉ်က နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုရှိမရှိ ကန့်ကွက်မှုတွေ မပေါ်ပေါက်ခဲ့ပေမယ့် အခုလို သတင်းထောက်တွေနဲ့ အတိုက်အခံ ဝေဖန်သူတွေကို ဖိနှိပ်ရာမှာ အသုံးပြုတဲ့ နည်းပညာ ဖြန့်ဝေတာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာကျတဲ့ သက်သေအထောက်အထား ဖြစ်နေတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အမှုမှာ ကနဦး စွပ်စွဲချက်တွေထဲက အထောက်အထားမတွေ့ရဘဲ လက်ကိုင်ဖုန်းထဲက ရရှိတဲ့ အချက်အလက်တွေကိုယူပြီး အဓိကပြစ်မှုတည်ဆောက်ခဲ့တာဖြစ်လို့ ဒီနည်းပညာရဲ့ အခန်းကဏ္ဍဟာ အရေးပါနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ Cellebright ကုမ္ပဏီအနေနဲ့ တစ်စုံတရာ မပြောကြားလိုကြောင်းသာ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org