မန္တလေးပဋိပက္ခ တမင်ဖန်တီးတဲ့လုပ်ရပ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ် ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်တာဖြစ်တယ်ဆို တာ တွေ့မြင်ရ မှာဖြစ်ကြောင်းနဲ့ အဲဒီလိုဖန်တီးခဲ့သူတွေ ကို ပြင်းပြင်း ထန်ထန် အရေးယူမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေးပြောကြားလိုက်ပါတယ်။

မတ်လ ၃ဝ ရက်နေ့မှာ အစိုးရသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သမ္မတ ဦးသိန်းစိန်ဟာ မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် photo: Myo Thant Khaing/RFA

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်တာဖြစ်တယ်ဆိုတာ တွေ့မြင်ရ မှာဖြစ်ကြောင်းနဲ့ အဲဒီလိုဖန်တီးခဲ့သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေးပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ည က နိုင်ငံပိုင် ရုပ်သံသတင်းဌာနတွေကနေတဆင့် ပြော ကြားရာမှာ အခုလို ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

"အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်းတီးခဲ့တဲ့ သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ် သားသားနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက် ဖျက်ဆီးသူများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ပဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားအပ်ပါတယ်၊ ယခုမန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာသိမြင်ရမှာဖြစ်ပါတယ်"

ဒါ့အပြင် မီဒီယာတွေမှာ တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုတွေအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို မန္တလေးတိုင်းဒေသကြီး အစိုးရက ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း အစိုးရသတင်းစာတွေမှာ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org