၈၂ နိုင်ငံသားဥပဒေကို ကန့်ကွက်ကြောင်း ဝါရှင် တန်မြန်မာသံရုံးမှာ ဆန္ဒပြ

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ စိစစ်နေ တာကိုလက်မခံကြောင်း အမေရိကန်ပြည်ထောင် စုမှာ နေထိုင် ကြတဲ့ ရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေက ဝါရှင် တန်ဒီစီမြို့က သမ္မတအိမ်ဖြူတော်ရှေ့နဲ့ မြန်မာသံရုံးရှေ့မှာ မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၈၂ နိုင်ငံသားဥပဒေကို ကန့်ကွက်ကြောင်း ဝါရှင်တန်မြန်မာ သံရုံးမှာ နိုဝင်ဘာလ ၈ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်နေတာကိုလက်မခံကြောင်း အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်အဖွဲ့တွေက ဝါရှင်တန်ဒီစီမြို့က သမ္မတ အိမ်ဖြူတော်ရှေ့နဲ့ မြန်မာသံရုံးရှေ့မှာ မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ရိုဟင်ဂျာပြသနာကို သမ္မတဦးသိန်းစိန် ဖြေရှင်းပေး ဖို့ဆန္ဒပြသူတွေက အခုလို တောင်းဆိုခဲ့ကြပါတယ်။

"ညှင်းပမ်းနှိပ်စက်မှှု လက်အောက်မှာရှိနေကြာင်း နဲ့ မြန်မာနိုင်ငံအစိုးရရဲ့ မတော်မတရား ခွဲခြားဆက်ဆံမှှုကြောင့် ရိုဟင်ဂျာလူမျိုးတွေ ဟာ နိုင်ငံမဲ့လူမျိုးတွေဖြစ်နေပါတယ်၊ ဒါကို သမ္မတဦးသိန်းစိန်အနေနဲ့ အမြန်ဆုံးဒီကိစ္စ ကို ဆောင်ရွက်ပေးဖို့ သံရုံးကနေတဆင့် ကျနော်တို့ တိုက်တွန်းလိုပါတယ်"

၁၉၈၂ နိုင်ငံသားဥပဒေကို အသုံးမပြုဖို့၊ သမ္မတအိုဘားမားအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုခေါ်ဝေါ်သုံးစွဲဖို့၊ ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းပြီး မူလနေရပ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုဖို့၊ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေရပ်ဖို့ဆိုတဲ့အချက်တွေ တောင်းဆိုကြပါတယ်။

ဒီဆန္ဒပြပွဲကို Rohingya Kom-Red အဖွဲ့၊ Rohingya Concern International (New York) အဖွဲ့နဲ့ Rohingya American Society (Wisconsin) အဖွဲ့တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး၊ ဆန္ဒပြသူ ၁ဝ ဦး ပါဝင်ပါတယ်။

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ Rohingya Concern International (New York) အဖွဲ့ခေါင်းဆောင် ဦးမောင်စိန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org