တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နှစ်ရက်အတွင်း မိုးရွာနိုင်ကြောင်း မိုးဇလထုတ်ပြန်
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းနဲ့ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက်နှစ်ရက်အတွင်း မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
-
2018-04-15 -
-
-
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းနဲ့ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက်နှစ်ရက်အတွင်း မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ဘက်က ဝင်လာတဲ့ လေနွေးတွေနဲ့ အနောက်လေပွေလှိုင်းနဲ့ပါလာတဲ့ လေအေးတွေ ဆုံတာကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်တာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"အဓိကကတော့ ဒီဘင်္ဂလားပင်လယ်အော်ရဲ့ လေနွေးတွေက ဘင်္ဂလားပင်လယ်အော်ဘက်ကို တိုးဝင်နေတယ် ပေါ့နော်။ ဒီလိုတိုးဝင်နေသလို မြောက်ဘက်ကနေလာတဲ့ အနောက်လေပွေလှိုင်းနဲ့ပါလာတဲ့ လေအေးတွေ ကလည်း မြန်မာနိုင်ငံ အထက်ပိုင်း မြန်မာနိုင်ငံ အထက်ပိုင်းကနေ အလယ်ပိုင်းအထိ ထိုးဆင်းလာတဲ့ အနေ အထားလေးတွေ တွေ့ရတာပေါ့နော်။ ဒီအချက် ၂ ချက်ကြောင့်မို့လို့ ခုနကပြောတဲ့ လေနွေးနဲ့ လေအေးတွေဟာ မြန်မာနိုင်ငံထဲကို လာဆုံနေတဲ့ အနေထားတွေ့ရတာပေါ့နော်။ အဲဒါကြောင့်မို့လို့ မိုးရွာမှာပေါ့နော်။ မြန်မာနိုင်ငံမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တာကို ၁၆ ရက်နေ ၂၀ ရက်အထိ ထုတ်ထားပါတယ်ခင်ဗျ"
စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ မကွေး၊ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဒီနေ့ နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့လည်း ပြောပါတယ်။
ဒ့ါအပြင် ဒီနေ့မနက် ၅နာရီလောက်က ရန်ကုန်-ပုသိမ် လမ်းမကြီးအနီး လှိုင်သာယာ၊ ထန်းတပင် နဲ့ ရွှေလင်ပန်း စက်မှုဇုန် အနီးတဝိုက်ကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး ၄.၃ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ်မှာ မနေ့က နေ့အပူချိန်ဟာ ၅၄ နှစ်တာ ကာလအတွင်းမှာ အပူချိန် စံချိန်သစ်တင်ခဲ့ပြီး ရန်ကုန်၊ ကယား၊ ကရင်၊ ဧရာဝတီ၊ တနင်္သာရီ နဲ့ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အပူချိန်တိုးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။