မိုးတိမ်တောင်အန္တရာယ် သတိပြုဖို့ မိုးလေဝသပညာရှင် ပြော

မကွေးတိုင်းအလယ်ပိုင်း၊ မန္တလေးတိုင်းအလယ်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရန်ကုန် တိုင်း မြောက်ပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်အန္တရာယ် သတိပြုရမယ့်နေရာတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင် က ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ် ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - ဖေ့စ်ဘွတ်

မကွေးတိုင်းအလယ်ပိုင်း၊ မန္တလေးတိုင်းအလယ်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း နဲ့ ရန်ကုန်တိုင်းမြောက်ပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်အန္တရာယ် သတိပြုရမယ့် နေရာတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင် က ထုတ်ပြန်ထားပါတယ်။

မိုးတိမ်တောင်တွေဟာ လေပြင်းတိုက်ခတ်တာ၊ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ မိုးသည်းထန်တာ နဲ့ လေဆင်နှာမောင်း တိုက်ခတ်တတ်တာတွေကို ဖြစ်ပေါ်စေတတ်တယ်လို့ သိရပါတယ်။

အပူပိုင်းမုန်တိုင်း ဘီဘင်ကာ ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း(ကယားပြည်နယ်)ကို မုန်တိုင်းငယ်အနေနဲ့ ရောက်ရှိလာခဲ့ တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

"ဘီဘင်ကာ" မုန်တိုင်းရဲ့ အရှိန်ကြောင့် မနေ့ ညနေပိုင်းကနေ နောက် (၇၂) နာရီအတွင်း ကချင်ပြည်နယ်က လွဲလို့ ကျန်တိုင်း နဲ့ ပြည်နယ်အားလုံးမှာ နေရာကွက်ပြီး မိုးကြီးတာနဲ့ ဒေသအလိုက် မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် လေပြင်းတိုက်ခတ်တာနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လျှပ်တစ်ပြက် ရေကြီး တာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုကြဖို့လည်း မိုဇလ က သတိပေးထားပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့၊ သံလွင်မြစ်ရေဟာ ဘားအံမြို့၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းနဲ့ သာပေါင်းမြို့တို့မှာ စိုးရိမ်ရေမှတ် အထက်ကို အသီးသီးကျော်လွန်နေတာကြောင့် မဒေါက် နဲ့ ဘားအံမြို့နယ် အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org