YBS ကိစ္စဆွေးနွေးတဲ့နေ့မှာ ဝန်ကြီးချုပ် လွှတ်တော်မတက်

တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲ လိုက်တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်ဆွေးနွေးခဲ့တဲ့ ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး ကျင်းပနေစဉ် Photo:Htet Arkar/RFA

တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲလိုက်တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်ဆွေးနွေးခဲ့တဲ့ ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ကျန်တဲ့ဝန်ကြီးတွေ မရှိပေမယ့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ရှိတဲ့အတွက် အဆင်ပြေတယ်လို့ အဆိုရှင် ဦးဝေဖြိုးဟန်ကပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို ဝန်ကြီချုပ် ဦးဖြိုးမင်းသိန်းအပြင် ကျန်တဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ မတက်ရောက် ခဲ့ဘဲ ဝန်ကြီး ဒေါ်နီလာကျော် တစ်ယောက်ပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ YBS စနစ်ပိုမိုကောင်းမွန်လာစေဖို့ စည်းမျဉ်းစည်းကမ်းနဲ့ အညီ အရေးယူးဆောင်ရွက်တာတွေ ကို ပြည်သူတွေ သိအောင်ပွင့်လင်းမြင်သာစွာ ချပြဖို့ အဆိုကို ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၂၆ ယောက်က ဆွေးနွေးကြတာပါ။

အဲဒီလို ဆွေးနွေးရာမှာ တိုင်းအစိုးရအဖွဲ့အနေနဲ့ YBS စနစ်ပြောင်းလဲရာမှာ ကြိုတင် စီမံမှု အားနည်းကြောင်း နဲ့ ပြည်သူကို ကြိုတင် အသိပေးချိန်နည်းပါးကြောင်း စတာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်ခဲ့ကြ ပါတယ်။

အရင် မ.ထ.သ စနစ်ကနေပ YBS စနစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကစတင်ပြီး တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြောင်းလဲ ခဲ့တာဖြစ်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org