YBS ယာဉ်တွေကို ၂၄ နာရီ ထိန်းချုပ်စင်တာက စောင့်ကြည့်

YUPT အများပိုင်ကုမ္ပဏီက YBS ယာဉ်တွေကို ၂၄ နာရီ ထိန်းချုပ်ရေးစင်တာကနေ စတင်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဥယျာဉ်မှာ ရပ်ထားတဲ့ YBS ကားတွေကို တွေ့ရစဉ် Photo: Htet Arkar/RFA

YUPT အများပိုင်ကုမ္ပဏီက YBS ယာဉ်တွေကို ၂၄ နာရီ ထိန်းချုပ်ရေးစင်တာကနေ စတင်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်အစီးရေ ၃၀၀ ကျော်မှာ စီစီတီဗီနဲ့ GPS စနစ်တွေ တပ်ဆင်ပြီး စောင့်ကြည့်တာတွေ စတင်လုပ်ဆောင်နေ တာလို့  YUPT ကုမ္ပဏီ ဒုတိယ ဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။

"CCTV ၅ လုံးရယ်၊ GPS ရယ် ဖုန်းကတ်တစ်ခု တပ်ဆင်ထားတယ်။ အစီး ၃၂၀ ကျော် တပ်ဆင်ပြီးပြီ အဓိကက ဦးတို့ပိုင်ကားရယ် ဟွန်ဒိုင်းကားရယ်တပ်နေတယ်၊ ကျန်တဲ့ကားတချို့ပေါ့နော် ဂျပန်ကားရယ် မီနီဘတ်စ်တွေရယ်ကိုတော့ GPS နဲ့ပဲထိန်းချုပ်မယ် ကွန်ထရိုးစင်တာထဲ မဝင်တော့ဘူးပေါ့"

ထိန်းချုပ်ရေးစင်တာကို မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး စောင့်ကြည့်မှုတွေထဲမှာ သတ်မှတ်ကီလိုမီတာနှုန်း အတိုင်း မောင်းနှင်ဖို့၊ လမ်းကြောင်းအတွင်း မှတ်တိုင်တစ်ခုမှာ ယာဉ်လိုင်းတူကားတွေ စုပုံမနေဖို့၊ လမ်းကြောင်း ပြောင်းမောင်းနှင်တာမျိုး မလုပ်နိုင်ဖို့၊ မှုခင်းဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ယာဉ်ကြံ့ခိုင်မှုတွေကို စီစစ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

YUPT ကုမ္ပဏီမှာ ယာဉ်အစီးရေ ၁၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့တွင်း ယာဉ်လိုင်း ၂၁ လိုင်းမှာ ပြေးဆွဲနေ တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ကလည်း ထိန်းချုပ်ရေးစင်တာထားရှိပြီး ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအားလုံးကို GPS ကနေတဆင့် ထိန်းချုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး မကြာခင်မှာ စတင်နိုင်တော့မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org