YEX ရန်ကုန် စတော့ဈေးကွက် ဒီဇင်ဘာ ၉ ရက်နေ့ ဖွင်မည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ ရှယ်ယာ ငွေကြေးဈေးကွက်ဖြစ်တဲ့ YEX လို့ခေါ်မယ့် ရန်ကုန် စတော့ဈေးကွက်ကို အခုလ ၉ ရက်နေ့မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

စတော့ဈေးကွက်တစ်ခုကို တွေ့ရစဉ် http://media.coindesk.com

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ရှယ်ယာ ငွေကြေးဈေးကွက်ဖြစ်တဲ့ YEX လို့ခေါ်မယ့်  ရန်ကုန် စတော့ဈေးကွက်ကို အခုလ  ၉ ရက်နေ့မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ရန်ကုန်စတော့ဈေးကွက်ကို စတင်ဖွင့်လှစ်ဖို့ SEC ခေါ် ငွေကြေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးကော်မရှင် ဥက္ကဌ ဦးမောင်မောင်သိမ်း က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း အစိုးရသတင်းမီဒီယာတွေက ဖေါ်ပြပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာရေးအတွက် ဂျပန်နိုင်ငံ Daiwa သုတေသနဌာန၊ ဂျပန် စတော့အိပ်ချိန်းအုပ်စုနဲ့ Daiwa စတော့ရှယ်ယာ ကုမ္ပဏီလိမိတက်တို့က မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ၁၉၉၆ ခုနှစ်ကတည်းက ကူညီဆောင်ရွက်ခဲ့ကြပါတယ်။

ဒီ စတော့ဈေးကွက်မှာ စစချင်းကုမ္ပဏီငါးခု ပါဝင်မယ်လို့ သိရပါတယ်။

သမ္မတ ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ရန်ကုန် စတော့ရှယ်ယာဈေးကွက်ဟာ ပထမခြေလှမ်းဖြစ်ပြီး၊ စီးပွားရေးအခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ အရေးအကြီးဆုံးက စတော့ဈေးကွက်ထဲက ကုမ္ပဏီတွေအနေနဲ့ စနစ်တကျ၊ စည်းကမ်းတကျဆောင်ရွက်ကြဖို့ဖြစ်ကြောင်း ပြောဆို ပါတယ်။

Thura Swiss ဈေးကွက်သုတေသနအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးပညာရှင် ဦးအောင်သူရကလည်း စတော့ရှယ်ယာဈေးကွက်ကို ငွေမည်းခဝါချတဲ့နေရာဖြစ်မလာအောင် ကာကွယ်တားဆီးဖို့ အရေးကြီးတယ်လို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org