လျပ်စစ်စီမံကိန်းအတွက် နစ်နာသူတွေ လျော်ကြေးမရ
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တာဝါတိုင် ဆောက်လုပ်နေရာမှာ တောင် သူတွေရဲ့ လယ်မြေတွေ ပျက်စီးကုန်ပြီး စီမံကိန်း က လျော်ကြေးမပေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
-
2016-07-08 -
-
-
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တာဝါတိုင် ဆောက်လုပ်နေရာ မှာ တောင်သူတွေရဲ့ လယ်မြေတွေပျက်စီးကုန်ပြီး စီမံကိန်းက လျော်ကြေးမပေးဘူးလို့ ဒေသခံတောင်သူတွေ က ပြောပါတယ်။
ပျက်စီးသွားတဲ့ လယ်မြေတွေအတွက် တွက်ချက်ပြီးလျော်ကြေးပေးမယ်လို့ ပြောခဲ့ပေမယ့် ခုချိန်ထိ မရသေးဘူး လို့ နောင်ချိုမြို့နယ် ကုန်းစံရွာက တောင်သူ ဦးသန်းနိုင်က ပြောပါတယ်။
"အခုက တာဝါတိုင်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က မကျေနပ်ဘူးဗျ၊ လျော်ကြေးကတော့ ပေးမယ်လို့ပြော ထားတယ်ဗျ၊ ဘယ်နေ့ပေးမယ်တော့ မသိဘူး၊ ၂ဝ၁၅ ကစတယ်ပေါ့ဗျာ ဒီတိုင်တွေလာချတဲ့အချိန်မှာ ကျနော်တို့က ဟန့်တားတယ်ပေါ့ဗျာ၊ ဒီတိုင်တွေ ဘာလုပ်မလဲလို့ ကျနော်တို့က မေးတာပေါ့၊ ဒီတိုင်လေးတွေ မီးတိုင်ဆောက်ဖို့ရာအတွက်တဲ့၊ ခင်ဗျားတို့လာမချနဲ့ဦး ကျနော်တို့ ခဏဟန့်တားတော့မယ်လို့ ပြော တာပေါ့ဗျာ၊ ပြောတဲ့အချိန်ကျတော့မှ ကျနော်တို့ ရောက်လာပြီးသားမို့လို့ ချတဲ့ပစ္စည်းတွေကတော့ ချရမှာတဲ့ အဲ့လိုပြောလာတယ်၊ ကျနော်တို့ ပြောင်းလေးတွေစိုက်ပျိုးတဲ့အတွက်ကို နစ်နာတာပေါ့ဗျာ၊ အခု ကျနော်တို့ ပြောင်းကစိုက်စားလို့မရဘူး"
အဲ့ဒီတာဝါတိုင်တွေဟာ ကျောက်မဲမြို့နယ် တောင်ခြေရွာကနေ နောင်ချို၊ ပြင်ဦးလွင်မြို့တွေကိုဖြတ်ပြီး ဓါတ်အားပေး ရုံရှိတဲ့ မန္တလေးမြို့ ရွှေစာရံအထိ မနှစ်ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပါတယ်။
တာဝါတိုင်တည်ဆောက်ရေး လုပ်ကိုင်ခွင့်ရထားတဲ့ ကန်ထရိုက်တွေက ပျက်စီးသွားတဲ့ လယ်မြေတွေအ တွက် လျော်ကြေးအဖြစ် ဘယ်လောက်ပေးမယ်၊ သီးနှံလျော်ကြေး ဘယ်လောက်ပေးမယ်ဆိုတာကိုလည်း တိတိကျကျ ပြောခဲ့တာမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။
နောင်ချိုမြို့နယ်မှာ ပြောင်းကို အဓိကစိုက်ပျိုးကြပြီး တာဝါတိုင်တစ်ခုဆောက်ရင် ကျင်းတူး၊ မြေစာပုံတွေကြောင့် လယ်ဧကဝက်လောက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
နောင်ချို ရွှေပြည်ညွှန့်ရွာမှာရှိတဲ့ တာဝါတိုင်တည်ဆောက်ရေး အမှတ် (၃) အဖွဲ့က ကန်ထရိုက်တစ်ဦးကတော့ သူတို့အနေနဲ့ကျောက်မဲမြို့ အထက်ရဲရွာကနေ မန္တလေးရွှေစာရံအထိ စုစုပေါင်း တာဝါတိုင် ၂၇၀ စိုက်ထူမှာဖြစ် တယ်လို့ ပြောပါတယ်။
တောင်သူတွေရဲ့ လယ်မြေတွေဆုံးရှုံးမှုအတွက် တွက်ချက်ပြီး ရွှေစာရံရုံးချုပ်ကို တင်ထားပေးကြောင်း ရွှေစာရုံးချုပ် ကနေ လျော်ကြေးပေးမယ်လို့ ပြောပါတယ်။