စစ်တွေမှာ မုန်တိုင်းကြောင့် တာဝါတိုင်ကျိုးပြီး ဖုန်းလိုင်းပြတ်တောက်နေ

RFA Burmese
2023.05.14
စစ်တွေမှာ မုန်တိုင်းကြောင့် တာဝါတိုင်ကျိုးပြီး ဖုန်းလိုင်းပြတ်တောက်နေ စစ်တွေမြို့တွင် မုန်တိုင်းကြောင့် တာဝါတိုင်ကျိုးကျနေသည်ကို ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မိုခါမုန်တိုင်းဝင်ရောက်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မေလ ၁၄ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျခဲ့ပြီး မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ သစ်ပင်တွေလဲပြိုတာ၊ နေအိမ်တချို့ ထိခိုက်ပျက်စီးတာနဲ့ မုန်တိုင်းတိုက်ခတ်နေတဲ့ ဗီဒီယို၊ ဓာတ်ပုံတွေကိုလည်း စစ်တွေဒေသခံတွေ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေထားကြတာ ကိုလည်း တွေ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်တွေဒေသခံခုနစ်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့‌ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ စစ်တွေမြို့အနီးကနေ ရခိုင် ကမ်းရိုးတန်းဒေသတွေကို ဖြတ်ကျော်နေပြီး အညိုရောင်အဆင့်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၁၃၇ မိုင်အထိတိုက်ခတ်နိုင်ပြီး မြောက်-အရှေ့မြောက်ဘက်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင် ပြည်နယ်အထိ ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။