သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-16
Eleven Media သတင်းဌာနက သတင်းသမားသုံးယောက်ကို မကြာသေးခင်က ဖမ်းဆီးအရေးယူလိုက် တာကြောင့် ဒီမိုကရေစီရေး ရှေးရှုဖို့ ကတိပြုထားတဲ့ အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးအပေါ် မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာနေပါတယ်။
2018-10-15
အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ ဒီကနေ့ နေပြည်တော်က ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
2018-10-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကိုနေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2018-10-15
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၅၆ ရက်ကြာ ဆန္ဒပြနေတဲ့ ဖုယွင်အလုပ်သမားတွေရဲ့ သပိတ်စခန်းကို ဒီကနေ့မနက်ပိုင်းက အမည်မသိလူတစ်စုနဲ့ စက်ရုံမှာ လက်ရှိအလုပ်လုပ်နေကြတဲ့ အလုပ်သမားတချို့ပေါင်းပြီး ဝင်ရောက်ရိုက်နှက် ဖြိုခွဲခဲ့ကြပါတယ်။
2018-10-15
စစ်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ရေး မြစ်ကြီးနားမှာ ဦးဆောင်ဆန္ဒပြ ခဲ့တဲ့အတွက် အသရေဖျက်မှုပုဒ်မ ၅ဝဝ နဲ့ တပ်မတော်က တရားစွဲထားတဲ့ ကချင်တိုင်းရင်းသား ၃ ဦးထဲ က ၂ ဦးဟာ ဒီနေ့ အယူခံ ပယ်ချခံခဲ့ရပါတယ်။
2018-10-15
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ ဟာ ဒီနေ့မှာ ဘူးသီးတောင်၊ မောင်တောမြို့တွေကို သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင် အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-10-15
ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေကို လက်ရှိစက်ရုံမှာ အလုပ်ဆင်းနေဆဲဖြစ်တဲ့ အလုပ်သမားတချို့နဲ့ အမည်မသိလူတစ်စု ပူးပေါင်းပြီး ဒီနေ့မနက်က ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် အလုပ်သမား ၃၃ ယောက် ဆေးရုံကို ပို့လိုက်ရပါတယ်။
2018-10-15
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ အစိုးရနဲ့ NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့၊ ခွဲမထွက်ရေးကိစ္စရပ်တွေကို ပြောကြားသွားခဲ့ပါတယ်။
2018-10-15
မန္တလေးမစိုးရိမ်ကျောင်းတိုက်က အရှင်ဝီရသူနဲ့ ကိုဝင်းကိုကိုလတ် ဆိုသူတွေ ဦဆောင်ပါဝင်ပြီး ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် ပြည်ပဖိအားပေးမှု ကန့်ကွက်ရှုတ်ချပွဲကို အမုန်းစကားဖြန့်ဝေမှုအဖြစ် ဝေဖန်မှုတွေသူတွေရှိသလို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း တချို့က ပြောကြပါတယ်။
2018-10-14
ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကာတွန်း အော်ပီကျယ်တို့ ဟာ မြန်မာပြည်သားမိသားစုတွေနဲ့ တွေ့ဆုံပြီး ဟောပြောဆွေးနွေးပွဲတွေ ပြုလုပ် နေပါတယ်။ မနေ့က ဝါရှင်တန်ဒီစီ၊ မေရီလင်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာမိသားစုတွေနဲ့ Twinbrook မူလတန်းကျောင်းမှာ တွေ့ဆုံပါတယ်။
2018-10-13
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ အချက် ၅ ချက်မှာ စီမံကိန်းတွေမှာ ၅၁ ဘီလီယံကျော် ဆုံးရှုံးနေတဲ့ အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ် ပြည်သူ့ ဘဏ္ဍာငွေ ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံး နစ်နာနေတဲ့အပေါ် ဥပဒေအတိုင်း အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း က မနေ့က တိုင်ကြားလိုက်ပါတယ်။
2018-10-13
ရာစုနှစ်လယ်ရောက်လာရင် ကမ္ဘာ့လူဦးရေက ၁၀ ဘီလီယံထိရှိလာနိုင်မှာမို့ ရိက္ခာဖူလုံနိုင်အောင် စားသောက်နေတဲ့ စနစ်တွေပြောင်းဖို့လိုတယ်လို့ ပညာရှင်တွေက အကြံပေးပါတယ်။
2018-10-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေထဲက လူငါးဦးပါဝင်တဲ့ မိသားစုတစ်စုအပါအဝင် ခြောက်ဦး မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ပြန်ရောက်လာတဲ့အတွက် ဒီနေ့အထိ ပြန်လာတဲ့ ဒုက္ခသည်အရေအတွက် ၁ဝဝ ကျော်သွားပြီ ဖြစ်ပါတယ်။
2018-10-12
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ တတိယအကြိမ်မြောက်အဖြစ် ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁ဝ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို တစ်ပတ်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
2018-10-12
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media က သတင်းသမားသုံးဦးကို သတင်းမီဒီယာကောင်စီနဲ့ မညှိနှိုင်းဘဲ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်တာဟာ အနှစ် ၂ဝ ကျော်ကြာ တည်ဆောက်ခဲ့တဲ့ NLD ပါတီရဲ့ ဒီမိုကရေစီဖော်ဆောင်မှု ပုံရိပ်ကိုကျဆင်းစေတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။