သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-05
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်ခရီးစဉ်မှာ အကျိုးရလဒ် ကြီးကြီးမားမား မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုချက်ကို အရင်လိုပဲ တရားရင်ဆိုင်နေရတဲ့သူနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် မတွေ့ခဲ့ရသလို၊ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်နဲ့တွေ့ဖို့ တောင်းဆိုတဲ့အခါမှာလည်း သူ့ကျန်းမာရေးကြောင့် တွေ့ခွင့်မရခဲ့ဘူးလို့ မနေ့ညကထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အနှစ်ချုပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-07-04
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အတိုက်အခံတွေနဲ့ပါ အားလုံးတွေ့ဆုံဆွေးနွေးစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2022-07-03
ပြည်ပကို တင်ပို့နေတဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် ရောင်းချငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဇွန် ၃၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
2022-07-02
"ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံရဲ့ ကြိုးပမ်းမှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတကာက ဝင်ပါမှ ရတော့မယ်လို့ ရှုမြင်ပါတယ်"
2022-07-02
“သမီးတို့မှာ နေစရာ မရှိတော့ပါဘူး။ ကျောင်းမတက်ရတာလည်း ကြာပါပြီ။ စာမတတ်မှာလည်း ကြောက်ပါတယ်။ ကျောင်းလည်း နေချင်ပါတယ်။ သမီးတို့ အိမ်ပြန်မဆောက်နိုင်မှာလည်း ကြောက်ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်”
2022-07-02
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငါးသန်း အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ UNICEF က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2022-07-02
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အပါအဝင် မဲခေါင်ဒေသခြောက်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်မယ့် လျန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံဒေသမှာ စတင်ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-01
စစ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက စီမံချက်ကြီး ကိုးခုမှာ ရင်းနှီးမြှုပ်နှံတယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် Observer Research Foundation သုတေသနအဖွဲ့က ပြောပါတယ်။
2022-07-01
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းအထက်ပိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထု၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ စတဲ့ မြို့နယ်တွေမှာ အခုနောက်ပိုင်း လက်နက်ကိုင်ခုခံမှုတွေ မြင့်တက် လာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၊ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ ရွာမီးရှို့မှုတွေကြောင့် ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းနှစ်သောင်းကျော် ရှိလာပြီလို့ လက်တွေ့ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
2022-07-01
ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် တတိယနေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက် ဒီကနေ့မနက်ပိုင်းမှာ အာဆီယံအထူး ကိုယ်စားလှယ် ပရက်ဆော့ခွန်း (Prak Sokhonn) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2022-07-01
မေလ ၃၀ ရက်ကစလို့ တယ်လီနော (မြန်မာ) ကို လွှဲပြောင်းယူလိုက်တဲ့ အက်တမ်ကုမ္ပဏီက ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ပြည်တွင်းပြည်ပ ဥပဒေတွေအရ ကာကွယ်ပေးသွားမယ်လို့ ဇွန်လ ၈ ရက်နေ့က တရားဝင် ကြေညာပါတယ်။
2022-06-30
စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ဥကရစ်ထစခန်းကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘဲ ရာသီဥတုအခြေအနေပေးရင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင် က ထပ်မံသတိပေးပြောကြားပါတယ်။
2022-06-30
တိုင်းရင်းသား ဒေသတွေမှာသာ အရင်က ဝဲပျံတိုက်ခိုက်တဲ့ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အရင်က ယမ်းငွေ့မသန်းခဲ့တဲ့ ဒေသတွေမှာပါ ပစ်မှတ်ထား တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
2022-06-30
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသက ဥကရစ်ထစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၃၀ ရက် ဒီနေ့အထိ ငါးရက်အကြာ တိုက်ခိုက်နေပါတယ်။
2022-06-30
ဒေသခံတွေရဲ့ ပြောဆိုချက်၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘာသာရေး အဆောက်အအုံ ၁၃၂ ခု မီးရှို့မှုအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။