သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-03
ခေတ်အဆက်ဆက် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းကပဲ အုပ်ချုပ်တဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းခဲ့ရတဲ့အတွက် အနာဂတ်ကာလမှာ စုပေါင်းခေါင်းဆောင်တဲ့စနစ်ကို သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-03
ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။
2022-06-02
အထိနာနေတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လက်ရှိသူတို့သုံးစွဲနေတဲ့ ဗုံးတွေ၊ ရော့ကက်လောင်ချာတွေအပြင် ပိုမိုစွမ်းအားပြင်းတဲ့ လက်နက်တွေကို သုံးစွဲလာနိုင်တယ်လို့ ပြည်သူ့ဘက်ပြောင်း CDM စစ်တပ်အရာရှိတွေက ပြောဆိုကြပါတယ်။
2022-06-02
ဇွန်လ ၂ ရက် ဒီနေ့ကစပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ ကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
2022-06-02
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီးနဲ့ ကျား/မ တန်းတူရေးရာဌာနက မကွေး၊ စစ်ကိုင်း၊ ကယား၊ ကချင်နဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေပြီး မကွေးတိုင်းထဲမှာတင် စစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် နှစ်သောင်းလောက် အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
2022-06-02
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ အခု ဇွန်လဆန်းမှာပဲ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ရှိပါတယ်။ စစ်ကောင်စီကလည်း အထူးသံရဲ့ခရီးစဉ်ကို အတည်ပြုထားပေမယ့် ရက်အတိအကျကိုတော့ အခုချိန်ထိ ထုတ်မပြောသေးပါဘူး။
2022-06-01
လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ အကူအညီတွေဖြန့်ဝေဖို့အတွက် အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မေလ ၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့နောက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA နဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ရဲ့ သဘာဝကပ်ဘေးဆိုင်ရာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ AHA center တို့က မြန်မာနိုင်ငံကို အကူအညီတွေပေးရေးအစီအစဉ် စတင်သုံးသပ်အကဲဖြတ်နေပြီဖြစ်ပါတယ်။
2022-06-01
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေအပါအဝင် ချင်းတွင်းမြစ်ကြောင်းတစ်ဝိုက်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြားနေတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခေတ်မီစက်သေနတ်တွေကို အသုံးပြုနေတာကိုလည်း RFA က ရရှိတဲ့ မှတ်တမ်းဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
2022-06-01
ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းက ဂျူဗလီဟောမြေမှာ ဆောက်ခဲ့တဲ့ စစ်သမိုင်းပြတိုက်ကို ဖျက်ပြီး စစ်အစိုးရက ဂျပန်ကုမ္ပဏီတွေနဲ့ အဲဒီနေရာမှာ Y Complex စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဂျပန်အစိုးရက တိုကျိုက မြန်မာသံရုံးမြေကို တရားဝင် ခွဲခြမ်းရောင်းချနိုင်အောင် မြန်မာစစ်တပ်ကို အထောက်အကူပေးခဲ့ပါတယ်။
2022-06-01
ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ညဘက်တွေသာမက နေ့ခင်းဘက်တွေမှာတောင် ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာနဲ့ ဆိုင်ကယ်၊ စက်ဘီး စတာတွေ လုယက်ခံရတာ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-06-01
တစ်ကမ္ဘာလုံးက အကျပ်အတည်းနဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ International Crisis Group (ICG) က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ အစီရင်ခံစာတစ်စောင်ကို ဇွန်လ ၁ ရက် ဒီကနေ့ထုတ်ပြန်ပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်မဖြစ်သင့်ဘူးလို့ တိုက်တွန်းလိုက်ပါတယ်။
2022-05-31
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ CNF၊ KIA၊ KNPP၊ KNU၊ NUG စတဲ့ အဓိက အင်အားကြီးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ချေမှုန်းမှုကြောင့် ထွက်ပြေးပုန်းရှောင်နေရသူတွေကို စစ်ကောင်စီကတစ်ဆင့် အကူအညီပေးရေးဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။
2022-05-31
ဒေသခံပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး အရပ်သားတွေကို အုပ်စုလိုက် အပြစ်ပေးတဲ့ စစ်ရေးဗျူဟာကို ကျင့်သုံးနေတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-05-31
အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးအပ်ဖို့ စီစဉ်တာကို လက်မခံနိုင်ဘူးလို့ NUG အပါအဝင် ကရင်အမျိုးသား KNU၊ KNPP နဲ့ CNFတို့က မေလ ၃၀ ရက် မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2022-05-31
မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်းနဲ့ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ အခု မိုးရာသီအတွင်း နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။