သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-19
ဩစတြေးလျနဲ့ ဗြိတိန်အပါအဝင် နိုင်ငံတကာအစိုးရတွေဟာ စစ်ကောင်စီကို အသိအမှတ် မပြုကြောင်း ပြသတဲ့အနေနဲ့ သူတို့ရဲ့ သက်တမ်းပြည့်သွားတဲ့ သံအမတ်တွေနေရာမှာ အသစ်ထပ်မခန့်ဘဲ သံရုံးယာယီ တာဝန်ခံတွေနဲ့သာ အဆင့်နှိမ့်ဆက်ဆံဖို့ လုပ်ဆောင်လာပါတယ်။
2022-05-18
ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းမီဒီယာတွေကို အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
2022-05-18
ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို မနေ့ကလက်ခံရယူခဲ့တဲ့ ဒေါက်တာစင်သီယာမောင်က ဒီဆုဟာ မိမိတို့အတွက် ခွန်အားတစ်ခုဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
2022-05-18
စစ်လက်နက်အင်အားပြည့်စုံတောင့်တင်းတဲ့ စစ်တပ်ကို ပြန်လည်ခုခံနေရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စမ်းတဝါးဝါးနဲ့ စမ်းသပ်ထုတ်လုပ်လို့ရတဲ့ လက်လုပ်လက်နက်ပစ္စည်းတွေကိုသာ အဓိက အားထားနေရတာပါ။
2022-05-18
စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ ကလေးမြို့နယ်ဟာ ချင်းပြည်နယ်နဲ့ နီးကပ်ပြီး ကလေး-တီးတိန် လမ်းမကြီးရဲ့ အဓိကအရေးပါတဲ့ ဒေသဖြစ်တာကြောင့် ကလေးမြို့ဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကိစ္စတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။
2022-05-18
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးချဖို့ လက်နက်ကိုင် ပျူစောထီးတွေကို စစ်တပ်က တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်လာပါတယ်
2022-05-18
နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အချိန်မရွေး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-05-17
ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းပြီး စစ်တပ်က ထပ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ တခြားနိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့မူ စွဲကိုင်နိုင်ခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းလိုက်ပြီးတဲ့နောက် မူအပြောင်းအလဲ ဖြစ်လာပါတယ်။
2022-05-17
HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဩစတြေးလျနဲ့ မြန်မာစစ်ကောင်စီကြား ထိတွေ့ညှိနှိုင်းမှုဟာ မြန်ဆန်လွန်းတာကြောင့် ထိထိရောက်ရောက် မရှိဘဲဖြစ်ခဲ့ပြီး စစ်ကောင်စီအပေါ် စီးပွားရေးနဲ့သံတမန်ရေး ဖိအားပေးတာတွေကတော့ နှေးကွေးလွန်းနေကြောင်း ပြောဆိုပါတယ်။
2022-05-17
Similac နို့မှုန့်ဟာ အမေရိကန်မှာတင်မက ကမ္ဘာ့တဘက်ခြမ်းက မြန်မာပြည်လို နိုင်ငံတွေအထိ ထင်ရှားတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ မွေးစအရွယ်ကနေ ကလေးနို့ပြတ်တဲ့အထိ သူ့တစ်မျိုးတည်းကိုပဲ အဆင့်လိုက် တိုက်ကျွေးရတဲ့ နို့မှုန့်ဖြစ်တာကြောင့်လည်း မိဘတွေဟာ အတော်လေး ဒုက္ခရောက်ကြပါတယ်။
2022-05-17
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်ကျော်အတွင်း အရပ်သား သေဆုံးမှုဟာ ၅၆၄၆ ဦးထက်မနည်း ရှိလာနေတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြောပါတယ်။
2022-05-17
ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အမေရိကန်အစိုးရက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာအတွက်နေရာကို ထိုင်ခံလွတ်ထားခဲ့ပြီး NUG ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။ တခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တန်းတူ လုံခြုံရေး အစောင့်အရှောက် လည်း စီမံပေးခဲ့ပါတယ်။
2022-05-17
ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ LGBT လို့ခေါ်တဲ့ လိင်တူချစ်သူများ၊ လိင်စိတ်ကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် LGBT တွေအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ တစ်သောင်းကျော် ဖမ်းဆီးခံထားရတာမို့ “သံတိုင်နောက်က အလင်းတစ်စ” ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှုကို မြန်မာ LGBT အဖွဲ့က ဦးဆောင်ပြီး လှုပ်ရှားနေပါတယ်။
2022-05-16
မြန်မာ့ လက်ရှိစီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဝန်ကြီးချုပ်မိုဒီ အစိုးရရဲ့ အရှေ့ကြည့် မူဝါဒတွေက နယ်စပ်ချင်း ထိဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာလို အိန္ဒိယရဲ့ အရှေ့မြောက်ဒေသက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေနဲ့ ထိတွေ့ဖို့ လိုအပ်နေကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။
2022-05-16
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း သံဃာနဲ့ ကိုရင် လေးပါး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက ၂၈ ဦးရဲ့ ရုပ်အလောင်းကိုတော့ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။