ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ အတ္ထုပ္ပတ္တိ
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အတ္ထုပ္ပတ္တိ
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော မကွယ်လွန်ခင်မှာ ကိုယ်တိုင်ရေးသားခဲ့တဲ့ အတ္ထုပ္ပတ္တိကို RFA မြန်မာဌာနက အပတ်စဉ် ထုတ်လွှင့်ခဲ့တာကို စုစည်းတင်ပြထားပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူ့ရဲ့သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောက ဖတ်ကြား တင်ဆက်ထားပါတယ်။
အပိုင်း (၁)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ငယ်စဉ်ကျောင်းသားဘဝက စပြီး မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်စားလာခဲ့ပုံကို နားဆင်ရမှာဖြစ်ပါတယ်။ ၁၉၃၈ ပထမဦးဆုံးအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်အကြောင်း ကိုလည်း တစေ့တစောင်း သိရှိခွင့်ရကြမှာ ဖြစ်ပါတယ်။
အပိုင်း (၂)
ရဲဘော်သုံးကျိပ်ဝင်ဖြစ်လာမယ့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အပါအဝင် မျိုးချစ်ရဲဘော်တွေ ၁၉၄၁ ခုနှစ်မှာ ဂျပန်နိုင်ငံကို စစ်ပညာသင်ကြားဖို့အတွက် ရန်ကုန်မြို့ကနေ လျှို့ဝှက် ထွက်ခွာကြပုံကို နားဆင်ကြရမှာ ဖြစ်တယ်။
အပိုင်း (၃)
ရဲဘော်သုံးကျိပ်ဝင်တွေ ဂျပန်နိုင်ငံ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ယူကြပုံကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
အပိုင်း (၄)
ဂျပန်ပြည် စစ်ပညာသင်တန်းကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဗိုလ်ချုပ်နေဝင်းက ရန်ငြိုးထားတယ်လို့ ယူဆရတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်ခဲ့ပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၅)
ရဲဘော်သုံးကျိပ် ဘီအိုင်အေဖွဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ လက်မောင်းသွေးဖောက် သစ္စာပြုကြပြီး မြန်မာပြည်တွင်း ချီတက်ခဲ့ပုံကို နားဆင်ရမှာဖြစ်ပါတယ်။
အပိုင်း (၆)
၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကရင်-မြန်မာ အဓိကရုဏ်းအကြောင်းနဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
အပိုင်း (၇)
ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် သခင်စိုးနဲ့ တွေ့ဆုံဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို တာဝန်ပေးခဲ့ပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၈)
ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုး လျှို့ဝှက်ဆွေးနွေးကြပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၉)
ဖက်ဆစ်ဂျပန်တွေကို မြန်မာ့တပ်မတော်က ဘယ်လိုအငိုက်ဖမ်းပြီး တော်လှန်တိုက်ခိုက်ခဲ့ပါသလဲ ဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်။
အပိုင်း (၁၀)
ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့ပုံကို နားဆင်ရမှာ ဖြစ်ပါတယ်။