သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-28
မဲစာရင်းမှာ လူပိုတွေပါဝင်မှုနဲ့ မဲဆန္ဒ သက်သေခံလက်မှတ် ထုတ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပေါ် လူထုရဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေ ပါတယ်။
2015-10-28
ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး ထွန်းကားကျယ်ပြန့်လာနေတဲ့ ဒီနေ့ ကမ္ဘာ ရဲ့ အင်တာနက် လွတ်လပ်ခွင့် ကျဆင်း လာနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့် အခြေအနေဟာ ဒီနှစ်အတွင်း ပိုပြီးကျဆင်း သွားခဲ့တယ်လို့ နိုင်ငံတွေရဲ့ လွတ်လပ်ခွင့် အခြေအနေတွေ ကို နှစ်စဉ်လေ့လာတိုင်းတာနေတဲ့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။
2015-10-28
မြန်မာနိုင်ငံရဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ် လာနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြော ပါတယ်။
2015-10-28
စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေ ပယ်ဖျက်ပေးဖို့ အတွက်တောင်းဆိုပြီး ပဲခူးကနေ နေပြည်တော်ကို လမ်းလျှောက်နေတဲ့ ၈၈ ကရင်အမျိုးသား ကျောင်းသား အစည်းအရုံးဟာ ဒီနေ့ ညောင်လေးပင်မြို့ကို ရောက်သွား ပြီဖြစ်ပါတယ်။
2015-10-28
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံကျောင်းသားတွေကို ရွေးကောက်ပွဲမတိုင် ခင် ပြန်လွှတ်ပေးဖို့ သာယာဝတီထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ဒီနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြမယ့် အခြားကျောင်းသား ၃ ယောက်ကို ထောက်ခံ ဝန်းရံတဲ့လှုပ်ရှားမှုတွေ မြို့တချို့မှာ ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။
2015-10-28
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။
2015-10-28
ဟိုင်းကြီးကျွန်းက ရေတပ်စခန်းဌာနချုပ် မှာရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲက လူ ၂၀၀ ဟာ ကိုကိုးကျွန်းမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ ပါနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
2015-10-28
လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲအတွက် နေရာ ခွင့်ပြုချက်မရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။
2015-10-28
ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ အစိုး ရတပ်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။
2015-10-28
လာမယ့်ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်း သားတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေး ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတော်သမ္မတထံ စာပေးပို့ တောင်းဆိုလိုက် ပါတယ်။
2015-10-28
စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးခဲ့ကြရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူအများ ဆုံး ဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှာ အခြေစိုက်တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက် အကူပြုအဖွဲ့က ပြောပါတယ်။
2015-10-28
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့ဟာ မြို့နယ်ပေါင်း ၁၂၉ မြို့နယ်မှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးပွဲ ၁၆ဝဝ ကျော်ကို လေ့လာစောင့်ကြည့်ရာမှာ တွေ့ရှိခဲ့တာတွေကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-10-28
မကွေးတိုင်း ဂန့်ဂေါမြို့မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၈၈ မျိုးဆက်အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-10-28
ဧရာဝတီတိုင်း အင်္ဂပူမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ရန်ကုန်မြို့က တေးသံရှင်တွေ စုပေါင်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် လှည့်လည်ဖျော်ဖြေခဲ့ကြပါတယ်။
2015-10-28
ကရင်ပြည်နယ်က ကျေးရွာတွေကနေ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြသူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးမယ်ဆိုရင် မိမိတို့နေရပ်ကိုပြန်ပြီး မဲပေးကြရမှာ ဖြစ်ပေမယ့် အဲဒီလို တကူးတကပြန်ပြီး မဲပေးမယ့်သူ မရှိသလောက် နည်းနေပါတယ်။