သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-28
ကရင်ပြည်နယ်က ကျေးရွာတိုင်းလိုလိုမှာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြသူတွေ များပါတယ်။
2015-10-28
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ ယုဇနပလာဇာဈေးမှာ ရွေးကောက်ပွဲအသိပညာပေး လုပ်ငန်းတွေနဲ့အတူ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-10-28
New Society Party လို့ခေါ်တဲ့ လူ့ဘောင်သစ်ပါတီနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2015-10-28
နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အခြေအနေတွေ၊ အပြီးသတ်မဲပေးခွင့်ရှိသူ စာရင်းတွေ ထုတ်ပြန်ကြေညာမှာတို့နဲ့ ပတ်သက်ပြီး ကော်မရှင် တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-10-28
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့ဟာ မြို့နယ်ပေါင်း ၁၂၉ မြို့နယ်မှာ မဲဆွယ်စည်းရုံးရေး ကာလအတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။
2015-10-27
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူး နဲ့ ကျေးသီးမြို့နယ်တွေအပြင် တန်ယန်းနဲ့ ဟိုပန်မြို့နယ်တွေက တချို့ကျေးရွာအုပ်စုတွေကို လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့တာဟာ ရည်ရွယ်ချက် ရှိရှိ ပြုလုပ်တာဖြစ်တယ်လို့ မိုင်းရှူးမြို့နယ် SNLD ပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး က RFA ကို ပြောပါတယ်။
2015-10-27
နိုင်ငံရေးအကျဉ်းသားတွေ ကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေး ဖို့အတွက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃ ဦးက မနက်ဖြန်က စပြီး ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ တောင်းဆိုသွား မယ်လို့ သိရပါတယ်။
2015-10-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုပြုပြင်ပြီး အင်တာနက် ဖေ့ဘွတ်လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့မှုကြောင့် အီလက်ထရောနစ်ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ မချောစန္ဒီထွန်းကို ဒီနေ့ မအူပင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးရာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့ စွဲချက်တင်လိုက် ပါတယ်။
2015-10-27
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ နမ့်ဝါနဲ့ မုတ်ကျိတ်ရွာအနီးတဝိုက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် က မိုင်းတွေထောင် ထားတဲ့အတွက် ဒေသခံတွေကို ဖြတ်သန်းသွားလာမှုမပြုဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။
2015-10-27
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြရာမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူ အများဆုံးဖြစ်ကြောင်း စင်ကာပူနိုင်ငံရောက် ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့က သူတို့ စစ်တမ်းကောက်ယူထားမှု အခြေအနေကို ပြောပါတယ်။
2015-10-27
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ကျား၊ မ ခွဲခြား အသုံးပြုပြီး မဲဆွယ်စည်းရုံးတာဟာ ၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့က ပြောကြားလိုက်ပါတယ်။
2015-10-27
နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အဲ့ဒီစာရင်းဟာ နောက်ဆုံးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းဖြစ်ကြောင်း၊ အဲ့ဒီစာရင်းမှာ မပါသူတွေ မဲပေးခွင့်ရှိမှာမဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2015-10-27
ရခိုင်ပြည်နယ်က နှစ်ဘက်လူ့အဖွဲ့အစည်းအကြား ပြန် လည်သင့်မြတ်ရေးအတွက် ကြိုးစားရာမှာ စိန်ခေါ် မှုတွေ ရှိနေဆဲပဲလို့ "ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ" လေ့လာရေးအဖွဲ့ CDNH က ပြောပါတယ်
2015-10-27
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာ့ဆိပ်ကမ်းဌာန တာဝန်ရှိသူတွေက စစ်တွေမြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။
2015-10-27
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်း ဖြူးမြို့နဲ့ ကျေးရွာတွေမှာ မကြာခဏ မဲဆွယ်စည်းရုံးရေး ဆင်းပါတယ်။