သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-21
ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးရှိနေပါတယ်။
2015-10-21
ကချင်ပြည်နယ် ချီဖွေမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဖို့ ကြိုးစားရာမှာ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၃ ဦး နဲ့ ပါတီဝင် ၄ ဦးဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညှိနှိုင်းမှုကို လက်မခံတော့ဘဲ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်ကို တရားစွဲဆိုသွားမယ်လို့ ချီဖွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်က ပြောပါတယ်။
2015-10-21
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံပြည်သူ ၅၄ ဦးထဲမှာ တစ်ဝက်လောက်က ကြိုတင်မဲပေးဖို့ ငြင်းဆန် ထားပါတယ်။
2015-10-21
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦး တင်အေးဟာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ရန်ကုန် မြို့ Park Royal ဟိုတယ်မှာ တွေ့ ဆုံခဲ့ပါတယ်။
2015-10-21
ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မနက်ဖြန်အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဟောပြော ပါလိမ့်မယ်။
2015-10-21
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ နိုင်ငံရေးပါတီတွေက တိုင်ကြားထားတဲ့ အမှုတွေ ကို ဖြေရှင်းပေးဖို့အတွက် ကျွန်းစုမြို့နယ်ကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီတွေ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။
2015-10-21
ကချင်ပြည်နယ် မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂ဝ လောက် ဟာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနော အားကစားကွင်းမှာ ဒီနေ့ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-21
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ နိုင် ငံရေးပါတီတွေက တိုင်ကြားထားတဲ့ အမှုတွေ ကို ဖြေရှင်းပေးဖို့အတွက် မြို့နယ်ကော်မရှင်ရုံးမှာ ညိနှိုင်းဖြေရှင်းရေး ကော်မတီအစည်းအဝေး ပြုလုပ် ခဲ့ပါတယ်။
2015-10-21
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ အခြေအနေ၊ NLD ပါတီဘက်ကနေ ဘာကြောင့် မဲဆွယ်စည်းရုံးရသလဲ... ဆိုတာတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ဦခင်မောင်စိုး က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-21
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီကနေ့ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-21
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့တွေ့ဆုံ ပြီး ပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲကိစ္စ၊ တပ်မတော် သားတွေရဲ့ ကြိုတင်မဲကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2015-10-21
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ EU ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဟာ ရွေးကောက်ပွဲနေ့ မှာ ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
2015-10-21
ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာရှိတဲ့ တောင်ပေါ်ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မြေပြို ကျပြီးနောက်ပိုင်း ဒုက္ခသည်စခန်းကိုမသွားဘဲ ဆက်ပြီးနေထိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ကြုံနေရပါတယ်။
2015-10-21
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို RFA က ထုတ်လွှင့်ပေးနေပါတယ်။
2015-10-21
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ မြန်မာနိုင်ငံ ကိုရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ရန်ကုန်မြို့ ဆီဒိုး နားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။