သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-10
နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့အတွက် နောက်ဆုံး အခွင့်အရေးဖြစ်တဲ့ အထူးအယူခံကို လက်ခံဖို့သင့်၊ မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ဒီနေ့ လျှောက်လဲချက် ကြားနာ ခဲ့ပါတယ်။
2019-12-10
နိုင်ငံတကာတရားရုံး ICJ မှာ အမှုကြားနာဖို့ တစ်ရက်အလိုမှာ ကမ္ဘာ့အရပ်ရပ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရတာကို လူသိရှင်ကြားဝန်ခံဖို့ တိုက်တွန်း လိုက်ပါတယ်။
2019-12-09
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) ကို ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်တဲ့အခါ လူထုကို ထိခိုက်မှုရှိရင် လျော်ကြေးပေးရလိမ့်မယ်လို့ SSPP/SSA အဖွဲ့က ပြောလိုက်ပါတယ်။
2019-12-09
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံ ကူညီသွားမယ့်အကြောင်း နယ်သာလန်နဲ့ ကနေဒါနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-12-09
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဖို့သွားတဲ့ ကမ္ဘာ့တရားရုံး ICJ အမှု၊ နယ်သာလန်ခရီးကို ပြည်တွင်းလူထုကတော့ ထောက်ခံဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲကျင်းပနေပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ခံတဲ့ပွဲတွေ ဖြစ်မသွားဖို့လည်း လိုတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2019-12-09
ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို မနေ့ကညပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာချုပ်ရုံးကို ပို့ဆောင်လိုက်ပြီလို့ သိရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေး သုတေသနဌာနက အမှုဆောင်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။
2019-12-09
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို လွတ်လပ်ပြီး ထိရောက်တဲ့ အဖွဲ့အစည်းဖြစ်လာစေဖို့အတွက် ပြင်ဆင်ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2019-12-09
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးဌာနက အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်း ဒီနေ့စတင်ထုတ်ပေးနေပြီး လူမျိုးနာမည်မှာ ဘင်္ဂါလီလို့ ဖြည့်သွင်းထားလို့ဆိုပြီး ဒေသခံတွေကတော့ ကန့်ကွက်ပြောဆိုနေကြပါတယ်။
2019-12-09
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အစိုးရဝန်ထမ်းတွေဘက်က ပြုပြင် ပြောင်းလဲရေးတွေ ဆောင်ရွက်နေသလို စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကလည်း အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ကျင့်ဝတ်တွေ ကိုယ်တိုင်ရေးဆွဲပြီး တာဝန်ယူမူရှိရှိနဲ့ လိုက်နာကျင့်သုံးဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းလိုက်ပါတယ်။
2019-12-09
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က F.M.I City အိမ်ယာမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦး နဲ့ ရဲတစ်ဦးကို ရိုက်နှက်ခဲ့တယ်လို့ ဆိုတဲ့ တရုတ်နိုင်ငံသား ငါးဦးကို ဒီဇင်ဘာ ၈ ရက်နေ့မှာ လှိုင်သာယာမြို့နယ် ရဲစခန်းက ညတွင်းချင်း အာမခံနဲ့ ပြန်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-12-09
နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဒီမနက်က မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2019-12-08
ဗိုင်းရပ်စ်ကနေ ကူးစက်တဲ့ ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုး ကာကွယ်နိုင်ပေမဲ့ မနှစ်ကဆိုရင် တကမ္ဘာလုံး လူတသိန်းကျော်ဖြစ်ပွားရပြီး အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် ၂၅ နှစ်အတွင်း အများဆုံး ဖြစ်ပွားရပါတယ်။
2019-12-08
လူမျိုးတုံးသတ်ဖြတ်မှု နဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ထားတဲ့အပေါ် ရင်ဆိုင် ဖြေရှင်းဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ကို ထွက်ခွာသွားတဲ့အပေါ် ဆိုင်ရာနယ်ပယ်တွေက ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေကို ဦးသစ်ဆင်း က စုစည်းတင်ပြမှာပါ။
2019-12-08
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
2019-12-08
ရခိုင်လက်နက်ကိုင်ကိစ္စ ဟောပြောခဲ့မှုကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ တင်သွင်းထားတဲ့ နောက်ဆုံးအယူခံကို လက်ခံ သင့်၊ မသင့် လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးဖို့ ရှိပါတယ်။