သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-07
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
2011-05-07
ပဲခူးမြို့ NLD ကျန်းမာရေးကွန်ရက် အဖွဲ့က ကြီးမှူးပြီး မြို့ပေါ်ရှိ ပရဟိတ ဆရာတော် ဦးကိတ္ထိကျောင်းတိုက်မှာ ပဲခူးမြို့နယ် ကျေးရွာပေါင်းစုံက လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမကျန် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးကြည့်ရှု ကုသပေးပြီး ဆေးဝါး တွေ အခမဲ့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2011-05-07
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ ကူးပြောင်း ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မရှိရင် မြန်မာအစိုးရ တောင်းဆိုထားတဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို မပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။
2011-05-07
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။
2011-05-07
မြန်မာနိုင်ငံက တင်ပြထားတဲ့ ၂ဝ၁၄ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စကို စဉ်းစားနေတယ်လို့ အာဆီယံ အရာရှိတွေက မနေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-05-06
မလေးရှားနိင်ငံမှာရှိတဲ့ Electronics ပစ္စည်းထုတ်စက်ရုံ တရုံက မြန်မာ အလုပ်သမား၂၄ ဦး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာ ၂ ဦးကို မေလ ၅ ရက် မနေ့ညက ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ BCM အဖွဲ့က RFA ကို ပြောပြပါတယ်။
2011-05-06
၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီက ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ တရပ်ကို ကျင်းပသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က မေလ ၆ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။
2011-05-06
DKBA ဘာကြောင့် လက်နက်ပြန်လည် စွဲကိုင်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်စောလားပွယ်က -
2011-05-06
မကွေးတိုင်း၊ ကမ္မမြို့နယ် စစ်စရံကျေးရွာက လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ကိုသန်းဦးတို့အပေါ် စွပ်စွဲထားတဲ့ အမှုကို မကွေးတိုင်း အထက်မင်းလှ တရားရုံးမှာ မေလ ၄ ရက်နေ့က စွဲချက်တင်ခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်တဲ့ မြန်မာ့ဦးပိုင် လီမီတက် တာဝန်ရှိသူတွေကို ကိုသန်းဦးတို့ဖက်က တရားစွဲဆိုထားတဲ့ အမှုကိုလည်း တရားရုံးက စတင် လက်ခံ စစ်ဆေးကြောင်း သတင်းရရှိပါတယ်။
2011-05-06
ဇွန်လ ၁၉ ရက်နေ့ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အတွက် အမေရိကန် ပြည်ထောင်စုရောက် မြန်မာ တိုင်းရင်းသားပေါင်းစုံက မွေးနေ့ဆုတောင်း ကဒ်ပြားတွေ ပေးပို့ကြမယ်လို့ သိရပါတယ်။
2011-05-06
လက်ရှိ ဒီမိုကရေစီ ကွန်ရက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်လိုက်ပါတယ်။
2011-05-06
မြန်မာအစိုးရခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ဟာ မေလ ၅ ရက် မနေ့က အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်း ယိုဒိုယိုနိုနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးကိစ္စ ၊ မြန်မာနဲ့ အင်ဒိုနီးရှားအကြား ကုန်သွယ်ရေး တိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ ဒီကနေ့ ထုတ်တဲ့ Jarkata Post သတင်းစာက ရေးပါတယ်။
2011-05-05
လာမဲ့ မေလ ၇ ရက်နေ့မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လူထုအခြေပြု အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေကို တနိုင်ငံ တယောက် ရွေးချယ်လက်ခံရာမှာ မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ စင်ကာပူနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ အကန့်ကွက် ခံနေရပါတယ်။
2011-05-05
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ရှိတဲ့ သစ်စက် တော်တော်များများက သစ်စက်ပိုင်ရှင်တွေနဲ့ သစ်စက် အလုပ်သမား ၅၀ ကျော်ကို သစ်တောဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေဖို့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တရားရုံးက မေလ ၄ ရက် မနေ့က စီရင်ချက် ချမှတ်ခဲ့ပါတယ်။
2011-05-05
ပြီးခဲ့တဲ့ မတ်လလယ်မှာ လေပြင်း မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ဧရာဝတီတိုင်း ဖျာပုံခရိုင် က ရေလုပ်သားတွေထဲမှာ ခုချိန်ထိ ပျောက်ဆုံးနေတဲ့သူတွေ အတော်များများ ရှိနေသေးသလို၊ ကုလားထိပ်၊ ဒေါ်ညိမ်းနဲ့ ကဗျက်ဆိုတဲ့ ရွာ ၃ ရွာတွေက ပျောက်ဆုံးနေသူ အယောက် ၂၀ လောက် ရှိနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။