သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-11
မြန်မာစစ်သား (Burma Soldier) ဦးမျိုးမြင့်ရဲ့ တပ်တွင်း အကျဉ်းထောင်တွင်း ဖြတ်သန်းမှု
2011-04-11
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ လားရှိုးထောင်မှာ အကျဉ်းကျနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂၀၀၇ မျိုးဆက် ကျောင်းသူ မဟန်နီဦးကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောပါတယ်။
2011-04-11
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2011-04-10
ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီဒဏ် ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ဂျပန် ပြည်သူတွေကို ရည်စူးတဲ့ ဆုတောင်းပွဲ တရပ်ကို တိုကျိုမြို့ တာကာဒါးနိုး ဗားဗား အရပ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-04-10
မီးဘေး ကာကွယ်တဲ့အနေနဲ့ ကျေးရွာ တွေမှာ ရွာအပြင်ဘက် ထွက်ပြီး ချက်ပြုတ်ဖို့ မကွေးတိုင်း အတွင်း မြို့နယ် အားလုံးလိုလိုမှာ သက်ဆိုင်ရာ က အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
2011-04-10
မကွေးတိုင်း အောင်လံမြို့နယ် ရွာမကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ယာမြေ ထွန်ယက်နေတဲ့ တောင်သူတွေကို ဒေသခံ စစ်တပ်က ခြိမ်းခြောက် မောင်းထုတ်တဲ့အတွက် တောင်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-04-10
၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်မှာပဲ ကရင် ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်တွေ နဲ့ DKBA တိုးတက်သောကရင် ဗုဒ္ဓဘာသာ ခွဲထွက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ အတွက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာရတဲ့ စစ်ပြေး ဒုက္ခသည် အများစုဟာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ အတွက် နေရပ် မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
2011-04-10
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ဦးသိန်းစိန် သမ္မတသစ်အဖြစ် ပါဝင်တဲ့ အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် အမြင် သဘောထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-04-10
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ အစိုးရအဖွဲ့သစ်ကို ပထမဆုံး စတင် ဆက်သွယ်မှုအနေနဲ့ သမ္မတ ဦးသိန်းစိန် ထံကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတစောင် ရေးသားပေးပို့ လိုက်ပြီဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2011-04-10
အခု လတ်တလော ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန် သမ္မတအဖြစ် ဦးဆောင်တဲ့ မြန်မာ အစိုးရသစ်ကို အရှိအတိုင်းပဲ အသိအမှတ်ပြု ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2011-04-09
အခု သီတင်းပတ် စောစောပိုင်းက မလေးရှားနိုင်ငံ လင်းခေး လဝက စခန်း ဖောက်ထွက်ပြေးသူ မိတ်ဆွေတွေကို အကူအညီပေးနိုင်ဖို့သွားရောက်ခဲ့တဲ့ မလေးရှားအခြေစိုက် MKO ကရင် တိုင်းရင်းသားအဖွဲ့ အဖွဲ့ဝင် နှစ်ဦးကို စခန်းအနီးမှာ စောင့်ကြည့်နေတဲ့ မလေးအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2011-04-09
ဂျပန်နိုင်ငံ အီဝါတေ စီရင်စုမှာ ရှိတဲ့ မြေငလျင်နဲ့ ဆူနာမီ ဘေးဒုက္ခသည် တွေကို ဂျပန်ရောက် မြန်မာနိုင်ငံသား တွေ မနေ့က သွားရောက်တွေ့ဆုံပြီး ထမင်းဟင်း ချက်ပြုတ် ကျွေးမွေး ကူညီခဲ့ကြပါတယ်။
2011-04-09
မြန်မာနိုင်ငံဆိုင်ရာ ပေါ်တူဂီ သံအမတ်ကြီး António Félix Machado de Faria e Maya ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2011-04-09
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုမို ကြီးထွားလာတဲ့ စစ်ရေးဆက်ဆံမှု အပေါ် စုံစမ်းစစ်ဆေးရေး အတွက် လွှတ်တော်ကိုတင်ပြဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် ရီပတ်ဘလစ်ကန်ပါတီအမတ် Richrad Lugar က သမ္မတအိုဘားမားကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။
2011-04-09
မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ် ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေး ရေးကိစ္စကို အထွေထွေညီလာခံမှာ ဆုံးဖြတ်ရာမှာ ဥရောပသမဂ္ဂ တခုလုံး ပါဝင် ထောက်ခံလာအောင် ဗြိတိန် အစိုးရအနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။