သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-09
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အနိုင်ရပြီး အမှတ် (၂) မှာတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ကိုယ်စားလှယ်က အနိုင်ရခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက အတည်ပြုပါတယ်။
2020-11-09
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကို မဲအရေအတွက် တစ်သောင်းကျော်နဲ့ အနိုင်ရခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆန်းလွင်က အတည်ပြုပါတယ်။
2020-11-08
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မနေ့ညမှာ သိရှိရတဲ့ ရလဒ်တချို့ကို RFA ဝိုင်းတော်သား ကိုဂျေ က စုစည်းတင်ဆက်ထားပါတယ်။
2020-11-08
ရခိုင်အမျိုးသားပါတီ ANP ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို မဲရလဒ်အခြေအနေနဲ့ပတ်သက်ပြီး ဒီလ ၈ ရက်နှောင်းပိုင်းမှာ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2020-11-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်ဟာ သူဝင်ပြိုင်တဲ့ ပန်းဘဲတန်းမြို့နယ်မှာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။
2020-11-08
၂၀၂၀ ရွေးကောက်ပွဲကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်တာ ရှူံးနိမ့်သွားပြီလို့ PPP ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က RFA ကိုပြောဆိုလိုက်ပါတယ်။
2020-11-08
ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုဘယ်လောက်ရှိလဲ၊ တံဆိပ်တုံးအတုဖြစ်ရပ်လို၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲစာရင်းမှာ ပါမလာတဲ့ဖြစ်ရပ်လိုကိစ္စတွေကို ဘယ်လိုပြန်လုပ် ပေးသင့်လဲဆိုတာတွေအပြင် ကော်မရှင်နဲ့ရွေးကောက်ပွဲပေါ်သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်ပြီးတင်ပြထားပါတယ်။
2020-11-08
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တွေ မဲပေးတဲ့အခြေအနေတွေ အကြောင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက မေးမြန်းတင်ပြထားပါတယ်။
2020-11-08
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်မှာ မဲဆန္ဒရှင် စာရင်းမပါဝင်တာကြောင့် ဆန္ဒမဲပေးခွင့်မရသူ တစ်ရာကျော်ရှိခဲ့ပါတယ်။
2020-11-08
၂ဝ၂ဝ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲအလွန် တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက် စတာတွေကို တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
2020-11-08
နေပြည်တော်ကောင်စီနယ်မြေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရာနှုန်းပြည့်အနိုင်ရမယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီ ဥက္ကဌ ဦးမင်းသူ က ပြောလိုက်ပါတယ်။
2020-11-08
ရခိုင်ပြည်နယ်မှာ ဒီနေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒရှင် ၅၀ ရာခိုင်းနှုန်းခန့်သာ လာရောက် မဲပေးခဲ့ကြတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
2020-11-08
အနယ်နယ်အရပ်ရပ်က မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲထည့်ခဲ့ပြီးလို့ မဲတွေလည်း စတင်ရေတွက်နေပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လို ပါတီကြီးတွေက မဲအသာစီးရနေတဲ့ အခြေအနေကို တွေ့နေရတယ်လို့ ဒေသအသီးသီးရဲ့ မြေပြင်မဲရေတွက်မှုအခြေအနေကေို စောင့်ကြည့်နေတဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
2020-11-08
၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီက နိုင်ခြေရှိမရှိ၊ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့နိုင်ဖို့ အလားအလာတွေအကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
2020-11-08
အခက်အခဲတချို့ အငြင်းပွားမှု တချို့ရှိခဲ့သော်လည်း နေပြည်တော်မှာ လုံခြုံအေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက ပြောလိုက်ပါတယ်။