သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-10
AA ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်-စင်္ကာပူ အသင်းဝင် ခြောက်ယောက်ကို ပြည်နှင်ဒဏ်ပေးမယ်လို့ စင်္ကာပူ ပြည်ထဲရေးဌာနက ဇူလိုင်လ ၁ဝ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-07-10
မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရကြားတစ်ဖွဲ့ချင်းစီအလိုက် နှစ်ဘက်သဘောတူ အပစ်ရပ်လက်မှတ်ရေး ထိုးဖို့ အဆိုပြုလွှာ အပြန်အလှန်ပေးပို့နေတာ သုံးကြိမ်ရှိနေပြီဖြစ်ပြီး တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားဟာ ကွဲလွဲနေတယ်လို့ သိရပါတယ်။
2019-07-10
AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။
2019-07-10
မြန်မာအမျိုးသမီးတွေကို ငွေကြေး သိန်းလေးဆယ်၊ ငါးဆယ်အထိ ပေးပြီး လက်ထပ်ဖို့ တင်တောင်းကာ တရုတ်ပြည်ဘက် လူကုန်ကူးတာတွေ ပိုများလာတယ်လို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။
2019-07-10
နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ အကူအညီပေးနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ပျဉ်းမနားမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။
2019-07-10
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေ၊ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံခဲ့ပါတယ်။
2019-07-09
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတက်ရောက်တာရပ်နားထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ မနေ့က အလွတ်သဘောတွေ့ဆုံခဲ့ကြပါတယ်။
2019-07-09
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စကို KNU အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2019-07-09
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စကို KNU အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2019-07-09
၂၀၂၀ ရွေးကောက်ပွဲနီးလာပေမယ့် မွန်ညီညွှတ်ရေးပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် မရရှိသေးတာကြောင့် နိုင်ငံရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2019-07-09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခု စခန်းချနေပြီး အသွားအလာ ကန့်သတ်ထားတဲ့အတွက် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရွာသားတွေကပြောပါတယ်။
2019-07-09
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေ ဖြစ်လာပြီးနောက် ၂ဝ၁၉ ခုနှစ် အစောပိုင်းကစပြီး အမျိုးသားရေးအသွင်နဲ့ အရက်ကင်းစင်ရေး နယ်မြေတွေ သတ်မှတ်ဆောင်ရွက်လာတာ အောင်မြင်မှုရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-07-08
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်က Wisdom Hill မူကြိုကျောင်းသူ ကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတရေးအတွက် ဒီနေ့မနက်က မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ လူထောင်ပေါင်းများစွာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2019-07-08
ရန်ကုန်တိုင်းအတွင်း ဘက လို့ခေါ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ဝ လောက် ရှိတဲ့အထဲက အောင်သိဒ္ဓိမဟာမြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တိုင်းရင်းသားဒေသတွေကနေ ပညာသင်နေသူတွေ ရှိနေပါတယ်။
2019-07-08
သာသနာတော်သန့်ရှင်းရေးအတွက် ဝိနည်း စည်းကမ်းမလိုက်နာတဲ့ ရဟန်းတွေကို အတိုင်းအတာအရ အရေးယူတာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။