သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-07
ဒီတစ်ပတ်မှာ "လုပ်သား ၆ သိန်း အလုပ်လက်မဲ့ဖြစ်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဂယက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-03-06
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့နယ်ခွဲ အနီးမှာ တပ်မတော်က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ မတ်လ ၆ရက်နေ့က နိုင်ငံ တကာ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့တွေ စစ်သံမှူးတွေ သတင်းမီဒီယာတွေကို ခေါ်ယူရှင်းပြခဲ့ပါတယ်။
2020-03-06
ဧရာဝတီတိုင်း ဓနုဖြူမြို့ကနေ ရန်ကုန်မြို့ကိုတက်လာပြီး ပန်တျာကျောင်း တက်ခဲ့သလို၊ မြန်မာဂီတလောကမှာ ထူးခြားတဲ့ တယောပညာရှင် ဦးတင်ရီ ဟာ မနေ့က ကွယ်လွန်သွားခဲ့ပါပြီ။
2020-03-06
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်နိုင်ငံသားတွေ ဝင်ရောက်မှုကို နိုင်ငံအတော်များများက ပိတ်ပင်နေကြပေမယ့် မြန်မာနိုင်ငံမှာတော့... ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါရင် တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပေးဖို့ ခရီးသွားအဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။
2020-03-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှာ ဒီကနေ့ မတ်လ ၆ ရက်မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ ကလေး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2020-03-06
ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံ ၃ ရုံ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်ရတဲ့အတွက် အလုပ်သမားနှစ် ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ် အတွင်း အလုပ်သမား ငါးထောင်ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။
2020-03-06
ရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံရပြီး မနေ့ က ပြန်လွှတ်လာတဲ့ သတင်းထောက် နှစ်ယောက်က သူတို့ကို ထိန်းသိမ်းခဲ့သူတွေက ရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။
2020-03-06
မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အနီးကပ်စောင့်ကြည့်နေတဲ့လူနာတစ်ဦး ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။ ကန်တော်နဒီကို မတ် ၄ ရက်နေ့ကတည်းက ပို့ထားပေမယ့်၊ ဒီနေ့ မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအထိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဓာတ်ခွဲစစ်ဆေးမှုအဖြေကို တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။
2020-03-06
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး မထုတ်ရသေးတဲ့သူတွေကို ကာလပေါက်ဈေး တစ်ဧက ကျပ်သိန်း ၁၉၀ နှုန်းနဲ့ ပေးဖို့မဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီနေ့ မတ်လ ၆ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောလိုက်ပါတယ်။
2020-03-06
မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ထဲက အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦးကလွဲပြီး ၁၅ ယောက်ကို အထောက်အထားမဲ့ ခရီးသွားလို့ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2020-03-06
မွန်ပြည်နယ်အတွင်း သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုက မြစ်သဲထုတ် ယူတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေပြီး၊ ဒီသဲထုတ်လုပ်တဲ့ နေရာအနီးက မြစ်ရိုးတစ်လျှောက်မှာ မြစ်ရေတိုက်စားမှုကြောင့် လယ်မြေတွေမှာ ဆုံးရှုံးတာတွေ ကြုံလာရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
2020-03-05
အမေရိကန်ပြည်ထောင်စုက ပြည်နယ်ပေါင်း ၁၇ ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေကို တွေ့ရှိထားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မှာလည်း အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ကို ထုတ်ပြန်ထားတာပါ။
2020-03-05
ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသား ၅ ယောက်ကို ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ရဲတပ်ဖွဲ့တွေက မနေ့က လာရောက် ဖမ်းဆီးသွားပါတယ်။
2020-03-05
စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁ ရက်နေ့က တက်ရောက်ကုသခဲ့တဲ့ လူနာတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသလား ဆိုတဲ့သံသယနဲ့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီးမန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကြီးမှာ သီးခြားခွဲထားပြီး ကုသနေတယ်လို့ သိရပါတယ်။
2020-03-05
ရန်ကုန်တက္ကသိုလ်မှာ မတ်လ ၅ ရက် ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလီယံရှားဘတ်စ် (William Schabas) ရဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ခဲ့ပါတယ်။