သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-13
"ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား - ဝေးသလား" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ် မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-13
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို တရားမဝင်သစ်တွေ၊ မော်တော်ယာဉ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
2015-01-13
လက်ရှိအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့နေတဲ့ ဟံသာဝတီ ဦးဝင်း တင်ဖောင်ဒေးရှင်းရဲ့ ၁၈ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ ပါတယ်။
2015-01-13
မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်း က ကျောက်မျက်ဈေးဆောက်လုပ်ဖို့ စီစဉ်နေတာကို မြို့ခံတွေက ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2015-01-13
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအပါအဝင် စုစုပေါင်း ၄၈ ဦးဟာ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-13
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့်ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-13
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-13
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ လွှတ်တော် ဥက္ကဌတွေ နဲ့ နိုင်ငံရေးပါ တီခေါင်းဆောင်တွေ တိုင်းရင်းသား ရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-01-12
လက်ပံတောင်းတောင် ပဋိပက္ခအတွင်း သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအမှုကို ဆားလင်းကြီး ရဲစခန်းက ယာယီ ဆိုင်းငံ့ထားကြောင်း မိသားစုထံ အကြောင်းကြားခဲ့တာနဲ့ ပတ်သက် ပြီး၊ အမှုကို ကူညီဆောင်ရွက် ပေးနေတဲ့ ရှေ့နေများကွန်ရက်က ရှေ့နေကြီး ဦးအောင်သိန်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2015-01-12
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ တွေ့မြင်လာခဲ့ရပေမဲ့ မြန်မာနိုင်ငံဟာ အခွင့်အရေးတွေကို လေးစားသမှုရှိတဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲ၊ သတင်းသမားတွေ ဖမ်းဆီးထောင် ချခံနေရဆဲ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ ကုလသမဂ္ဂသံအမတ် Samantha power ကပြောပါတယ်။
2015-01-12
နိုင်ငံတော်သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌတွေအပါအဝင် နိုင်ငံရေးပါတီအသီးသီးတို့က ခေါင်းဆောင်တွေ နဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတို့က တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးက နေပြည်တော် သမ္မတအိမ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2015-01-12
နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦး ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ပါတီခေါင်းဆောင်တချို့က နေပြည်တော် သမ္မတအိမ်တော် က ငုရွှေဝါခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-12
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌတွေအပါအဝင် နိုင်ငံရေး ပါတီအသီးသီးတို့က ခေါင်းဆောင်တွေ နဲ့ ပြည်နယ် နဲ့တိုင်းဒေသကြီးတို့က တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးက နေပြည်တော် သမ္မတအိမ်တော်မှာ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-12
အကျဉ်းကျနေတဲ့ တပ်မတော် သားဟောင်းတွေ၊ စာနယ်ဇင်းသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက အလှူငွေ ကျပ်သိန်း ၅၀ ကျော် ကို မိသားစုဝင်တွေထံ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။