သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-12
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦး ကို ထောင်ဒဏ် ၁၄ နှစ်စီ၊ ၁ ဦး ကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံ ဖို့ တောင်ကြီးခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ် လိုက်ပါတယ်။
2015-01-12
နိုင်ငံတကာက အာရုံစိုက်နေကြတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ဆုတ်ယုတ်မှု စတာတွေကို မြန်မာ့အရေး လေ့လာ သူတွေဖြစ်တဲ့ AHRC အာရှလူ့အခွင့်အရေး ကော် မရှင်က ဦးမင်းလွင်ဦး၊ တရားရုံးချုပ် ရှေ့နေဟောင်း ဒေါ်မော်လီနဲ့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးတို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-01-12
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ် ရွာက ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေက ဆားလင်းကြီး မြို့မရဲစခန်းမှာ လူသတ်မှုနဲ့ သွားရောက်ဖွင့် ထားတဲ့အမှုကို ရဲစခန်းက ယာယီရပ်ဆိုင်းထားကြောင်း အကြောင်းပြန်ကြားတယ်လို့ သိရပါတယ်။
2015-01-12
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ် သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံ ခဲ့ပါတယ်။
2015-01-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါ အဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်း သားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးတို့ နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-12
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကန့်ကွက်တဲ့ လက်မှတ် ၄၀၀၀ နီးပါးကို ရေးမြို့ခံတွေက ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ထံ ဒီနေ့ ပေးပို့လိုက်ပါတယ်။
2015-01-12
ပြင်သစ်နိုင်ငံမှာ လူ ၁၇ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင် ငံပေါင်း ၅၀ နီးပါး က ခေါင်းဆောင်တွေအပါအဝင် သန်းနဲ့ချီတဲ့လူထုဟာ စည်းလုံးညီညွတ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်တွေအပေါ် မကြောက် ရွံ့ကြောင်းပြသတဲ့အနေနဲ့ ပဲရစ်မြို့မှာ လမ်းလျှောက် ချီတက်ပွဲ ကျင်းပခဲ့ပါတယ်။
2015-01-12
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်ယာမြေ အငြင်းပွားမှုကို ကွင်းဆင်း စစ်ဆေး ပါမယ်လို့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးခဲ့ပေမဲ့ ကွင်းဆင်း မစစ်ဆေး တဲ့အပြင်၊ မူလ ပိုင်ရှင်လယ်သမားနဲ့ သူ့သားနှစ်ဦး ဖမ်းဆီးခံရပြီး၊ ဇနီးဖြစ်သူ မှာလည်း ကျေးရွာအာဏာ ပိုင်တွေက ဖမ်းဆီးမယ် ခြိမ်းခြောက်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ လယ်သမား အကျိုးဆောင် ကွန်ယက်အဖွဲ့ ကပြောပါတယ်။
2015-01-11
ကချင်ပြည်နယ် မြို့အတော်များများမှာ ဒီလ ၈ ရက်နေ့ကစပြီး မိုးကြီးနေ တာကြောင့် ဗန်မော်မြို့နယ်က စိုက်ခင်း ဧက နှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရ ပါတယ်။
2015-01-11
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေ စီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စု များဓမ္မာရုံမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-11
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာရှိတဲ့ မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက် မျက်လုပ်ငန်းရှင်များ အသင်းက ကျောက် မျက်ဈေး ဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-01-11
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-11
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လာမယ့်ဖေဖော် ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြော ပါတယ်။
2015-01-11
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်း မြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂဖံ့ွဖြိုးရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ လုပ်ကိုင်နေ သူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2015-01-11
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။