သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-11
မြန်မာပိုင်နက်အတွင်းမှာ တရုတ်လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့အတွက် မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်ရဲ့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု ပိုများလာနိုင်တယ်လို့ The Strategist စာစောင်မှာ ဖော်ပြထားပါတယ်။
2024-12-11
အကူအညီတွေ နည်းလာတဲ့အတွက် အခု ဆောင်းဦးပေါက် ရာသီမှာတင် ဖျားနာတဲ့သူတွေ များနေသလို အနွေးထည်၊ စောင်နဲ့ ဆေးဝါး မလုံလောက်တဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့သူတွေလည်း ရှိလာပါတယ်။
2024-12-11
TNLA က စစ်ကောင်စီနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပေမဲ့ စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2024-12-11
အယုဒ္ဓယခရိုင်၊ ဥထိုင်မြို့နယ်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာတစ်ရာကျော် ဖမ်းဆီးခံလိုက်ရပါတယ်။
2024-12-10
မြင်းခြံခရိုင်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-12-10
ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
2024-12-10
လက်ရှိကာလက ဆောင်းရာသီဖြစ်နေတဲ့အတွက် ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေနဲ့ နေ့စဉ်စားသောက်ဖို့ စားနပ်ရိက္ခာလိုနေတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
2024-12-10
တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းနေပြီး အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တရုတ်နယ်စပ်လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။
2024-12-10
ဒီနှစ်အတွက်ဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဂါနာ စတဲ့ ၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်တယ်။
2024-12-10
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးခံစားနေရတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
2024-12-10
ဗန်းမော်နဲ့ မံစီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ တရုတ်အာဏာပိုင်တွေနဲ့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
2024-12-10
လူခွင့်အရေးချိုးဖောက်ခံရတာတွေကို အဆိုးရွားဆုံး အခြေအနေတွေနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာကက အလေးထား တုံ့ပြန်ဆောင်ရွက်ပေးကြဖို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
2024-12-10
ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား လေးဦးလွတ်ဖို့ စောင့်ဆိုင်းနေရတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ့်သတင်းက ဒီနေ့ဖော်ပြပါတယ်။
2024-12-10
အနောက်ပိုင်းတိုင်စစ်ဌာနချုပ်ရှိရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဆက်တိုက်ပို့နေတယ်လို့ ဆိုပါတယ်။