သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-15
ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းမှာ ရေကြီးရေလျှံဖြစ်နေပြီး လူပေါင်း ရှစ်သောင်းနီးပါးကို ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
2024-09-15
နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၆၄ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းအထိ ရထားတဲ့စာရင်းတွေအရ သေဆုံးသူ ၇၄ ဦးအထိရှိပြီး ပျောက်ဆုံးနေသူက ၈၉ ဦးရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။
2024-09-15
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဟာ ၄၂ ဦးအထိ ရှိလာပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2024-09-14
အသစ်ပေါ်ထွန်းလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဗမာလူများစုရဲ့ သြဇာလွှမ်းမိုးမှု လျော့ကျပြီး တိုင်းရင်သားလူနည်းစုတွေရဲ့ လွှမ်းမိုးမှုပိုရှိလာမယ်လို့လည်း မစ္စပရက်စီလာ ကလပ်က သုံးသပ်ထားပါတယ်။
2024-09-14
တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတာနဲ့ တရုတ်နိုင်ငံကို အကြောင်းမဲ့အပြစ်တင်ပြောဆိုတာတွေကို ဆန့်ကျင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
2024-09-14
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ ဒုက္ခသည် စခန်းတွေမှာ မနေကြဘဲ မြန်မာနယ်စပ်အနီး တက္ကနပ်ဖ်ခရိုင်မှာ အိမ်ငှားနေထိုင်ကြတယ်လို့ Benar News က သတင်းဖော်ပြပါတယ်။
2024-09-14
လက်ရှိအချိန်ထိ ပိတ်မိနေတဲ့သူတွေရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းနေတာတွေ ရှိနေဆဲပဲလို့ တောင်ငူမြို့မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-09-14
တောင်ပိုင်းတိုင်း စစ်ဒေသမှာ ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့ရတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2024-09-14
ပြည်ပနိုင်ငံတွေဆီက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရအောင် ချိတ်ဆက်လုပ်ကိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။
2024-09-14
လူ သုံးသောင်းလောက်အတွက် မဖြစ်မနေ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
2024-09-14
အင်းလေးမှာ တစ်ထပ်အိမ်တွေ အားလုံးနီးပါးမြုပ်နေပြီး နီးစပ်ရာ အထပ်မြင့်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ မစိန်ချယ် (အင်းလေး) က RFA ကိုပြောပါတယ်။
2024-09-14
သဘာဝဘေးဒဏ်တွေကို ကြိုတင်ပြင်ဆင်ဖို့ အရပ်သားအစိုးရလက်ထက်က ရေကြီးမှုကိုခန့်မှန်းတဲ့ မြေပုံတွေထုတ်ပေးမယ့် ရှေ့ပြေးစီမံချက်တွေလုပ်ခဲ့ပေမဲ့ ဖျက်သိမ်းခဲ့ရလို့ ပြည်သူတွေ ဘယ်လိုနစ်နာခဲ့သလဲ။
2024-09-14
တောင်ပေါ်ရွာတွေက မျောလာတဲ့ ရုပ်အလောင်းတွေကို တောင်အောက်ဘက် မြင်းနားရွာက ဒေသခံတွေက ဒီနေ့မနက်အထိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း နှစ်ဆယ်ခန့်ကို သင်္ဂြိုဟ်ပြီးသွားပြီလို့ ဆိုပါတယ်။
2024-09-14
လားရှိုးမြို့နယ် နန့်ပေါင်ရွာကို စက်တင်ဘာ ၁၃ ရက်နေ့မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-09-14
ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ စက်တင်ဘာ ၁၄ ရက် ဒီနေ့အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး နေအိမ် တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရပါတယ်။