သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-02
ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာက အစွန့်ပစ်ခံ သက်ကြီး ရွယ်အို အဘိုးအဘွားတွေ ကို စောင့်ရှောက်မှုပေးနေတဲ့အကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2017-08-02
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်ပြုံး ပွဲတော်ကို ရက်အကန့်သတ်မရှိ ပြောင်းရွှေ့ပြီး တဲ့နောက်မှာ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ ဆိုင်ခန်းတွေကို မနက်ဖြန်အပြီး ဖျက်သိမ်းရ မှာဖြစ်ပြီး ဆိုင်ခန်းတွေ ဖျက်သိမ်းနေတာဆိုရင် ဒီနေ့အထိ ၇၀ ရာခိုင်နှုန်းလောက် ဖျက်သိမ်းပြီးပြီ လို့ တောင်ပြုံးပွဲတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
2017-08-02
စစ်ဘေးဒုက္ခသည်စခန်းတွေက မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးမယ့် ပရဟိတဂေဟာကို ရှမ်းပြည်နယ် လားရှိုးမြို့က မြေတစ်ဧကမှာ လာမယ့် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်သွားမယ်လို့ ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်း ဒုဥက္ကဌ ဦးကျော်ကျော်စိုးက ပြောပါတယ်။
2017-08-02
ဆရာအတတ်သင် သင်တန်းအောင်မြင်ပြီး အလုပ်မရရှိသေးတဲ့ ဆရာ/ ဆရာမတွေက သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ လာမယ့် သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ကို ပြေလည်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆရာအတတ်ပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ ်ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
2017-08-01
သတင်းထောက်တွေကို သူရေးလိုက်တဲ့သတင်းအတွက်မဟုတ်ဘဲ လုပ်ရပ်နဲ့မဆိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့တရားစွဲနေတဲ့အခြေအနေဟာ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေတယ်ဆိုတာ သက်သေပြဖို့ခက်နေသလို၊ တရားစီရင်ရေးကိုလည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ သုံးသပ်ပြောဆို ကြပါတယ်။
2017-08-01
၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ စာရင်းအရ တစ်နိုင်ငံလုံး မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁ သောင်း ၄ ထောင်ကျော်ရှိခဲ့ပြီး ၈၁ ဦး သေဆုံးခဲ့ပါတယ်။
2017-08-01
တရားရှင်လွတ်မြောက်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းသား ၇ ဦးကို အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
2017-08-01
စစ်ဘေးဒုက္ခသည်စခန်းတွေက မိဘမဲ့ကလေးငယ်တွေအတွက် ပရဟိတဂေဟာတစ်ခုကို ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
2017-08-01
YUPT အများပိုင်ကုမ္ပဏီက YBS ယာဉ်တွေကို ၂၄ နာရီ ထိန်းချုပ်ရေးစင်တာကနေ စတင်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
2017-08-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စုမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်းကို မနေ့က နေ့လည်က တွေ့ရှိခဲ့ကြပါတယ်။
2017-08-01
ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရွှေသုခအသေးစားငွေချေးလုပ်ငန်းက ရယူထားခဲ့တဲ့ ငွေကျပ်သန်း ၃၀၀၀ ကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက တိုင်းဒေသကြီးအစိုးရထံ မနေ့က အပြီးသတ်လွှဲပြောင်းပေးလိုက်ပါတယ်။
2017-08-01
တောင်ပြုံးပွဲတော် ကျင်းပမယ့်ရက် ပြောင်းရွှေ့လိုက်တာကြောင့် ပြင်ဆင်ထားတဲ့ ဈေးဆိုင်ခန်းတွေကို မနက်ဖြန် သြဂုတ် ၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ လိုက်လံနှိုးဆော်နေပြီး ဆိုင်ခန်းခတွေကို ပုံစံ ၃မျိုး နဲ့ ပြန်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
2017-08-01
သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး ဥပဒေတစ်ရပ် ပြဌာန်းပေးနိုင်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ရဲ့ နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
2017-08-01
စစ်ဘက်ရာထူး အဆင့်အခေါ်အဝေါ် သုံးစွဲမှုတွေကို တပ်မတော်ဘက်က သဘောထားထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဟာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
2017-08-01
မနေ့က ရန်ကုန်လေဆိပ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေ မြို့နယ်တရားရုံးက ဒီနေ့ အာမခံနဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်။