သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-01
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက အနိုင်ရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်လစာငွေရဲ့ ၂၀ ရာ ခိုင်နှုန်းကို ပါတီ ရန်ပုံငွေအတွက် အသုံးပြုသွားမှာဖြစ်တယ် လို့ ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။
2015-12-01
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံး မဲဆွယ်စည်းရုံးစဉ် အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေကို အမြန်ဆုံး တင်သွင်းကြဖို့နဲ့ တင်သွင်းဖို့ ပျက်ကွက်ရင် အရည်အချင်းပျက်ယွင်းသူလို့ ကြေညာခံရ မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကြေညာလိုက်ပါတယ်။
2015-12-01
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က မိုင်းဝီးကျေးရွာနားတစ်ဝိုက်မှာ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2015-12-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် မယ့် အစိုးရ ၅ နှစ်တာကာလအတွင်း ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) တွေကို ပြင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်လာမယ်လို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
2015-12-01
စစ်ပွဲတွေကြောင့် ဒုက္ခရောက်ကြရတဲ့ ကလေး ငယ်တွေကို စိတ်ဓါတ်ရေးအရ အားပေးနိုင်မယ့် "ယုံကြည်သောအနာဂတ် ငြိမ်းချမ်းရေး" ပွဲတော်ကို လာရောက်ကြပြီး စစ်ပွဲဒေသတွေက ကလေး ငယ်တွေကို အားပေးကြဖို့ လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်လိုက်ပါတယ်။
2015-12-01
လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံမယ့်အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက ကြိုဆိုကြပါတယ်။
2015-12-01
ကချင်ပြည်နယ် ဖားကန့်မြို့ကျောက်စိမ်းတွင်းမှာ ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က မြေစာပုံပြိုကျခဲ့လို့ လူရာနဲ့ ချီသေဆုံးခဲ့ရတဲ့အတွက် ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က နောင် အခုလိုအဖြစ်ဆိုးမျိုးမဖြစ်ဖို့အတွက် အရေးကြီးအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက် ပါတယ်။
2015-12-01
နိုဝင်ဘာ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ကိုယ်စား လှယ်တွေရဲ့ အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လေ့လာနေ မယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
2015-12-01
လာမယ့် ဒီဇင်ဘာလ (၂) ရက်နေ့မှာ NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့ရဲ့တွေ့ဆုံမှုအတွင်း နိုင်ငံလုပ်ငန်းတာဝန်လွဲပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သဘောထားတွေ တထပ်တည်းကျနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွေမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သဘောထား ကွဲလွဲတာမျိူးတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ တချို့ကသုံးသပ်ပါတယ်။
2015-12-01
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ မြန်မာနိုင် ငံအောက်ပိုင်း တိုင်းနဲ့ပြည်နယ် ၇ ခုက NLD လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံ ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေမှာရှိရမယ့် အရည်အချင်းတွေကို တွေ့ဆုံပွဲမှာ ပြောကြားခဲ့ ပါတယ်။
2015-12-01
ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ်တရာပြည့်မွေးနေ့ပွဲ အခမ်းအနားကို အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက် မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-12-01
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတက္ကသိုလ် အင်းဝ ခန်းမမှာ ဒီနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
2015-11-30
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ RFA မြန်မာပိုင်း အစီအစဉ်က ဦးခင်မောင်စိုး ရဲ့ ရေဒီယိုအင်တာဗျူးတွေ ကို ကောက်နှုတ်ဖော်ပြထားတဲ့ "ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်း စုကြည်" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန် ဗိုလ်တထောင်မြို့နယ် က Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ ပါတယ်။
2015-11-30
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်-၃၊ တိုင်ရီဖိနပ်စက်ရုံမှာ အလုပ်ရှင်က အလုပ်သမားဥပဒေတွေ ချိုးဖောက်နေတဲ့ အကြောင်း အလုပ်သမား တရာကျော်က နေပြည်တော် သမ္မတရုံးကို ဒီနေ့ သွားရောက် တိုင်ကြားခဲ့ကြပါတယ်။
2015-11-30
၈၈ မျိုးဆက်အဖွဲ့၊ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များအဖွဲ့တို့ဟာ ရှမ်းပြည် နယ်တောင်ပိုင်း ဝမ့်ဝဒုက္ခသည်စခန်းနဲ့ ဟိုက်ပါ ဒုက္ခသည် စခန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့က သွားရောက်ပြီး အကူအညီ ပေးခဲ့ကြပါတယ်။