သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-26
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်းဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာ နေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ခုပြနိုင်မယ်ဆိုရင် လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားတယ် လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
2017-11-26
နိုဝင်ဘာလ ၂၅ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ကုန်ဈေးနှုန်းတွေနဲ့ စားဝတ်နေရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုသန်းနိုင်ဦး ( ရန်ကုန်အခြေစိုက် သတင်းစာဆရာ ) နဲ့ ကိုသန်းနိုင်ဦး (မန္တလေး အခြေစိုက် ဆောင်းပါးရှင်) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-26
လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့နဲ့ ဝတ်ပြုဆုတောင်းဟောပြောပွဲ တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် တစ်ထောင်ကျော်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
2017-11-26
နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က “လားရှိုးမော်ဒယ်ခန်းမ” မှာ ကျင်းပခဲ့ပြီး တက်ရောက်လာတဲ့ အမျိုးသမီးတွေက ဒေသတွင်းကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
2017-11-25
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဖို့နဲ့ ဝတ်ပြုဆုတောင်းဟောပြောပွဲကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လာရောက်တဲ့ ကက်သလစ်ဘာသာဝင် တစ်ထောင်ကျော်ဟာ ဒီကနေ့မနက်အစောပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
2017-11-25
လက်ရှိမြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က မရရှိခဲ့တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိနေပြီလို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြောပါတယ်။
2017-11-25
တယ်လီဖုန်းဘေလ် ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဘေလ်စာရင်းကို သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေဆီကနေ တောင်းခံနိုင်သလို ကျေနပ်မှုမရှိရင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံ တိုင်ကြားနိုင်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
2017-11-25
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသမှာ တရုတ်နိုင်ငံ ယန်စီကုမ္ပဏီက သတ္တုကြောတစ်ခု ရှာဖွေတွေ့ရှိထားပြီး တူးဖော်ထုတ်လုပ်ခွင့်ရဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒီနေ့ ပြောပါတယ်။
2017-11-25
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က အစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2017-11-25
နိုင်ငံတကာက မြန်မာနိုင်ငံကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့ ဝေဖန်သံတွေ ဆူဆူ ညံညံထွက်နေချိန်မှာ တရုတ်သမ္မတနဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာတွေ့ဆုံပြီး စစ်ရေးနဲ့ စီးပွားရေးတွေမှာ တရုတ်က မြန်မာကို အကူအညီပေးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ ကြပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2017-11-24
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
2017-11-24
ကချင်ပြည်နယ်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်မိသားစုတွေရဲ့ ရှင်သန်ရပ်တည်ရေး၊ နေရပ်ပြန်နိုင်ရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-11-24
မြန်မာ့စီးပွားရေးတိုးတက်ဖို့ အသေးစား၊ အလတ်စား လုပ်ငန်းတွေချေးငွေက အရေးပါနေပါတယ်။ ဒါကို SME Loan လို့ ခေါ်ပြီး၊ မြန်မာနိုင်ငံအတွက် နိုင်ငံတကာဘဏ်တွေက ထောက်ကူနေပေမယ့် ချေးငွေရတဲ့နှုန်းက အတော့်ကိုနည်းနေပါတယ်။
2017-11-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အဝင် ဆင်းဘူရီမြို့နယ် အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ဆယ်ဘီးကား တိုက်မိပြီး ကားမီးလောင်သွားတဲ့အတွက် ကားထဲမှာပါလာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးနဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမား တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။