သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-25
မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2011-09-25
“လယ်ယာမြေ ဥပဒေမူကြမ်း ၂ဝ၁၁” ကို နေပြည်တော်မှာ ကျင်းပ ပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတည်ပြု ပေးလိုက်ပြီလို့ လွှတ်တော်အစည်းအဝေး လေ့လာနေသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။
2011-09-25
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်၊ NLD ခေါင်းဆောင် ဦးဝင်းတင် နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးဆိုင်ရာ ပြောကြားချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
2011-09-24
အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ Clinton Global Initiative ၂၀၁၁ ခုနှစ် ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဗီဒီယိုကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။
2011-09-24
အမေရိကန် ပြည်ထောင်စု၊ ဝစ်ကွန်ဆင်ပြည်နယ် မီလ်ဝေါ့ကီးမြို့ (Milwaukee) ရောက် မြန်မာဒုက္ခသည် တွေက တဆင့် ဝက်သက်ရောဂါ ကူးစက်ခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် မလေးရှားကနေ အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည်တွေ လာရောက်မယ့် ကိစ္စကို ဆိုင်းငံ့ထားကြောင်း အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
2011-09-24
ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရတပ်ဘက်က ထိုးစစ်ကြီး စတင်ပြီ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။
2011-09-24
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပြုလုပ်မယ့် အကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုထားပေမယ့် နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်ရနိုင် ကြောင်း ICG ခေါ် “နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့” က ပြောဆိုလိုက်ပါတယ်။
2011-09-24
ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ ပညာရှင် အများစုက သမ္မတဦးသိန်းစိန် အစိုးရကို တင်ပြကြမယ်လို့ သိရပါတယ်။
2011-09-24
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ယူဆပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်း က မိမိတို့နဲ့ တွေ့ဆုံတိုင်း ဒီကိစ္စကို အလေးထား ပြောဆို နေကြတဲ့အတွက် မိမိတို့ကလည်း အရေးတယူ စဉ်းစားနေပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။
2011-09-23
တရုပ်မြန်မာနယ်စပ် ဝပြည်နယ် အတွင်းသို့ ကိုးကန့် လူမျိုးများ ဝင်ရောက် သွားလာခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်ထားပြီး ကိုးကန့် လူမျိုးတွေ အတွက် မှတ်ပုံတင် အသစ် ထပ်လုပ်ခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2011-09-23
စက်တင်ဘာလ ၂၂ ရက်နေ့က SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် မြန်မာ အစိုးရတပ်က တစ်ဦး ကျဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။
2011-09-23
မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ပြီး ဧရာဝတီမြစ်ကို ကာကွယ်ဖို့ လှုံ့ဆော်တဲ့ လူငယ်များရဲ့ ဧရာဝတီ ဆိုတဲ့ပွဲကို ရန်ကုန်တိုင်း ဒဂုံမြောက်ပိုင်း မြို့နယ်မှာ ရှိတဲ့ နာရေးကူညီမှု အသင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2011-09-23
နိုင်ငံရဲ့ ကောင်းကျိုးအတွက် လူငယ်တွေ ဗဟုသုတနဲ့ အသိအမြင် ကြွယ်ဝအောင် လုပ်ရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-09-22
ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2011-09-22
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဉာဏ်ပညာ အင်မတန် ထက်မြက်သူ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် လေးစားရပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။