သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-25
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။
2011-08-24
ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်း အဖြစ် မကြာခင် ဆောက်လုပ်ဖို့အတွက် ထိုင်းကုမ္ပဏီ တခုနဲ့မြန်မာ အစိုးရတို့ဆွေးနွေးပြီးပြီလို့ သိရပါတယ်။
2011-08-24
မြန်မာနိုင်ငံမှာ နိုင်ငံရေးထဲ ပါဝင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့အပြင် လိုင်စင်တွေပါ ရုပ်သိမ်းခံရတဲ့ တရားရုံးချုပ်ရှေ့နေ (၂၁) ဦးက နှစ်ပေါင်းများစွာ အပိတ်ခံထားရတဲ့ ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်းခွင့်ကို ပြန်ပြီး ခွင့်ပြုပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ပြလျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-08-24
သမ္မတဦးသိန်းစိန်ဟာ တကယ် အပြုသဘော ဆောင်ပြီး အပြောင်းအလဲတွေကို မြင်ချင်နေတယ်လို့ ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-08-24
မကြာခင်က အတည်ပြု ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ရေးရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell ဟာ မြန်မာနိုင်ငံကို အမြန်ဆုံးသွားလိုတဲ့ ဆန္ဒရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-08-24
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဂျာမနီနိုင်ငံက အားပေး တိုက်တွန်းကြောင်း ဂျာမန် နိုင်ငံခြား ရေးဝန်ကြီး Werner Hoyer က ပြောဆိုလိုက်ပါတယ်။
2011-08-24
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားဟာ မြန်မာ့ အရေးကို စေတနာ ထက်သန်စွာနဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင် နှံ့စပ်သူလည်း ဖြစ်တယ်လို့ သတင်းထောက် တွေကို ဒီကနေ့ ပြောဆိုပါတယ်။
2011-08-24
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြင်းအား ငါး ဒသမ ကိုး ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်မှု တရပ် ဖြစ်ပွါးသွားခဲ့ပါတယ်။
2011-08-24
ထိုင်းနိုင်ငံ မဲဆောက်မြို့ တရုတ်ဘုံကျောင်းက ပြုလုပ်တဲ့ ဆန်လှူပွဲကို မြန်မာနိုင်ငံဘက်ကလည်း လာရောက် အလှူခံခဲ့ကြပါတယ်။
2011-08-24
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေ ဆိုင်ရာ မူဝါဒတွေကို လွတ်လပ်စွာ သုတေသနပြု ရေးဆွဲ အကြံပြုမယ့် တွေးခေါ်ရှင်အဖွဲ့ကို စတင်ထူထောင် ဖွဲ့စည်းလိုက်ပြီလို့ အဖွဲ့ဝင် ဒါရိုက်တာတဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
2011-08-23
မနေ့က နိုင်ငံခြားငွေ လဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၆၉၀) ကျပ်ဈေးပေါက်တယ်လို့ သိရပါတယ်။
2011-08-23
UAE အာရပ်စော်ဘွားများနိင်ငံမှာ သောင်တင်နေတဲ့ တောင်ကိုးရီးယား ရေနံတင် သင်္ဘောပေါ်က မြန်မာသင်္ဘောသားတွေ အပါအဝင် ၂၁ ဦးကို DCMA Dubai ရေကြောင်း အာဏာပိုင်အဖွဲ့က ကြည့်ရှု စောင့်ရှောက်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ နိင်ငံတွေကို ပြန်ပို့ပေး လိုက်ရတယ်လို့ သိရပါတယ်။
2011-08-23
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ပုဂ္ဂလိက ပညာသင်ကျောင်း ဖွင့်လှစ်ခွင့် မူကြမ်းကို ပညာရေးဝန်ကြီးက တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။
2011-08-23
လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေဖွဲ့စည်းဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွီဒင်နိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့နှစ်ဖွဲ့က ဒီနေ့ လာရောက် လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့သိရ ပါတယ်။
2011-08-23
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား ဟာ ဒီကနေ့ မနက်ပိုင်းက လွှတ်တော် မှာ ၂နာရီခန့် ကြာအောင် နိုင်ငံရေးပါတီ ၁၆ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ပါတီတွေ တင်ပြတဲ့ ဒေသတွင်း လူ့အခွင့် အရေး အခြေအနေတွေကို နားထောင်ခဲ့တယ်လို့ သိရပါတယ်။