သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-23
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေကို လူ့အခွင့်အရေးနဲ့ ကိုက်ညီအောင် ပြုပြင်ဖို့ လိုအပ် ကြောင်း နေပြည်တော်မှာ ရောက်ရှိ နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လွှတ်တော် ခေါင်းဆောင်တွေကို ဒီကနေ့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။
2011-08-23
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တိုင်းပြည်အတွက် အကျိုး ရှိမယ့် တူညီတဲ့ ဘုံလုပ်ငန်း စဉ်တွေကို ဆွေးနွေးခဲ့ကြပြီး အဲဒီ တွေ့ဆုံပွဲအပေါ် နှစ်ဘက်စလုံးက ကျေနပ်အားရကြ တယ်လို့ ကြားသိ ရတဲ့ အတွက် မိမိ အားတက်မိ တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က နယးူယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ မနေ့က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
2011-08-22
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ တည်ဆဲ ဥပဒေ တချို့ကို အချိန်အခါနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ မနေ့က အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
2011-08-22
ပျဉ်းမနား နေပြည်တော်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံမယ်လို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
2011-08-22
မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သတင်း မီဒီယာတွေရဲ့ ဝေဖန် အကြံပြုချက်တွေကို လက်ခံသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။
2011-08-22
ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေ ဖြစ်ချင်တာတွေကို အစိုးရက သိနေပါတယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
2011-08-22
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Mr. Tomas Quintana ဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီနေ့ ဆက်လက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်။
2011-08-22
ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ကိုဇော်လင်းထွန်းရဲ့ ကျန်းမာရေး အခြေအနေ အင်မတန် ဆိုးဝါးနေပြီး၊ ရောဂါ ၆ မျိုးလောက် တပြိုင်တည်း ခံစားနေရတယ်လို့ သိရပါတယ်။
2011-08-22
နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး အတွင်းက သတင်းရယူခြင်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို သတင်းနဲ့ ပြန်ကြားရေး ကော်မတီက ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2011-08-22
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လက်မခံတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2011-08-22
သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး သဘောတူခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဒီနေ့သဘောတူ ကြိုဆို ထောက်ခံ လိုက်ပါတယ်။
2011-08-21
ဦးသိန်းစိန်အစိုးရဟာ အမှန်တကယ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုတာ လက်တွေ့ ပြသတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ NCGUB က မနေ့က တောင်းဆိုလိုက်ပါတယ်။
2011-08-21
သမ္မတဦးသိန်းစိန် အစိုးရက ခေါ်ယူတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ စတင် ကျင်းပမှာ ဖြစ်ပြီး လွှတ်တော် အမတ် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်မှာ ဖြစ်ပါတယ်။
2011-08-21
သြဂုတ်လ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးပွဲ နောက်ဆုံးနေ့ကို နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး အကြံပေး တင်ပြချက် တွေကို အနှစ်ချုပ် စုစည်း ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
2011-08-21
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖြတ်သန်းတည်ဆောက်မယ့် တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမယ့် မြေနေရာတွေအတွက် လျော်ကြေး မရရှိမှာ၊ မတန်တဆ ဈေးနှိမ်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။