သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-21
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ နောက်ဆုံးအကြိမ် အဖမ်းခံရတဲ့ ၄ နှစ်မြောက်နေ့အဖြစ် ဒီနေ့ သြဂုတ် ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးစီးပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2011-08-21
နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် ဆွေးနွေးပွဲ မှာ ရှိနေတဲ့ အစိုးရဝန်ကြီးတွေ၊ နိုင်ငံရေး စီးပွားရေး ခေါင်းဆောင်တွေ အားလုံး အံ့သြဝမ်းသာ ဖြစ်ခဲ့ရပြီး ဒီမြင်ကွင်းအပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစ တခုအဖြစ် ရှုမြင်ခဲ့ကြတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
2011-08-21
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တင်ပြဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေ ပြင်ဆင် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
2011-08-21
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ၅ ရက်ကြာ စုံစမ်းလေ့လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု ပြောဆိုပါတယ်။
2011-08-21
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကိုယ် ပြန်လာပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကြပါလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့တဲ့ ကိစ္စကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။
2011-08-21
မြန်မာအစိုးရက ခွင့်ပြုထားတဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်း အာသံပြည်နယ်က ကသည်းသူပုန်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ် နန်းဖာလုံဈေးမှာ ဒေသခံကုန်သည် တွေကို ဆက်ကြေးတောင်းပြီး ရိုက်နှက်ခဲ့တဲ့အတွက် အရေးယူပေးဖို့ ကုန်သည်တွေ ဆန္ဒပြနေကြပါတယ်။
2011-08-21
သောကြာနေ့က သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ ကိစ္စအပေါ် ကျေနပ်အားရ ဖြစ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-08-20
ကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေက ကလေးမြို့ အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အဝတ်အထည်နဲ့ အစားအစာတွေ သောကြာနေ့က သွားရောက် လှူဒါန်းခဲ့ကြပါတယ်။
2011-08-20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့သလို စီးပွားရေး ဆွေးနွေးပွဲကိုလည်း ၂ဝ ရက်နေ့က ခေတ္တ တက်ရောက်ခဲ့ပါတယ်။
2011-08-20
ကရင်ပြည်နယ် ဖားအံမြို့နယ် မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ်နဲ့ ဒေသခံ အစိုးရတပ်ရင်းတွေဟာ အထမ်းသမား ပေါ်တာကြေးအဖြစ် ဒေသခံတွေကို အဓမ္မ ငွေကြေးကောက်ခံနေကြောင်း သိရပါတယ်။
2011-08-20
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-08-20
မြန်မာ-အိန္ဒိယ နယ်စပ်မှာ အိန္ဒိယ ရူပီးငွေနဲ့မြန်မာကျပ်ငွေ လဲနှုန်းမှာ မြန်မာငွေ ဈေးကျဆင်းနေတဲ့အပြင် မိုးအဆက်မပြတ် ရွာသွန်းပြီး ကားလမ်းတွေ ပျက်စီးနေတဲ့အတွက် နယ်စပ် ကုန်သွယ်မှု ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။
2011-08-19
မြန်မာအစိုးရ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာနက ပြည်တွင်း ပြည်ပနေ မြန်မာ နိုင်ငံသားများက နိုင်ငံခြား ငွေ အမျိုးအစားဖြင့် ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းအထိ လျှော့ပေါ့ သတ်မှတ် လိုက်တဲ့ သတင်းအပေါ် ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေက ကြိုဆိုခဲ့ကြပါတယ်။
2011-08-19
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် သီတင်းပတ် အတွင်း တွေ့ဆုံဖို့ ရှိကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2011-08-19
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်း စာနာမှုနေ့ အထိမ်းအမှတ်ကို ရန်ကုန် မြို့မှာ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ ရုံးက ထုတ်ပြန် ကြေညာခဲ့ ပါတယ်။