သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-27
သာမန်အရပ်သား တစ်ဦးဆီကနေ တရားမဝင် လက်နက်တွေ အများအပြားဖမ်းမိတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို ပြနေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ဘဝတွေလည်း မလုံခြုံသလို ဖြစ်နေရတယ်ဆိုတဲ့ ထောက်ပြချက် တွေရှိနေပါတယ်။
2017-10-27
ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ ပုဂ္ဂလိကအချက်အလက်တွေကို ကျင့်ဝတ်ဖောက်ဖျက်ပြီး ဖြန့်ဝေတဲ့အတွက် ဆိုးကျိုးဖြစ်လာတာတွေကို ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး မခက်မာ ဆက်လက်တင်ပြပါမယ်။
2017-10-27
မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်း ခရစ်ယာန် အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို လားရှိုးမြို့နယ် တရားရုံး က ဒီကနေ့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
2017-10-27
ကချင်ပြည်နယ်မှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲကြောင့် အမျိုးသမီးတွေ တရုတ် နိုင်ငံဘက် လူကုန်ကူးခံရတာတွေ ရှိနေပါတယ်။
2017-10-27
ရှမ်းပြည်နယ် လားရှိုးခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်ခံလိုက်ရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ၂ ဦးအပေါ် တရားစွဲဆိုထားတဲ့အမှုတွေ ပြန်ရုပ်သိမ်းပေး ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ HRW နဲ့ Fortify Rights အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြပါတယ်။
2017-10-27
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ နေရာချထားမှုနဲ့ ပတ်သက်ပြီး အများဝေဖန်စရာဖြစ်ခဲ့တဲ့အတွက် တာဝန်ယူဆောင်ရွက်သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က တောင်းပန်လိုက်ပါတယ်။
2017-10-27
၂၀၁၇ ခုနှစ်နောက်ပိုင်းထုတ်ဝေမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့သာ ရိုက်နှိပ် ထုတ်ဝေဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-27
နေပြည်တော်တည်ဆောက်စဉ်က သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေ ၃၈ ဧကအတွက် လယ်ယာမြေလျော်ကြေး ၃၉ သန်းကျော်ကို တောင်သူ ၁၅ ဦးကို နေပြည်တော်ကောင်စီက ဒီကနေ့ပေးအပ်ခဲ့ပါတယ်။
2017-10-27
ပြည်သူ့လွှတ်တော်ကို မောင်းသူမဲ့ လေယာဉ် Drone နဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသား ၂ ယောက်နဲ့ နိုင်ငံသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
2017-10-27
ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပါ ပါဝင်ကူညီလာနိုင်အောင် နှိုးဆော် သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကပြောပါတယ်။
2017-10-27
မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို ဒီနေ့ လားရှိုးမြို့နယ်တရားရုံးက ထောင် ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2017-10-27
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကို TNLA တပ်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း TNLA ကပြောပါတယ်။
2017-10-27
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်နေ့က ပုပ္ပားတောင်ကလပ် အနောက်ဘက်ရှိ ကုန်းမြေတခုမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပုပ္ပါး တောင်ကလပ်ကို သွားတဲ့လမ်းမှာ တပေခန့် နိမ့်ဆင်းသွားခဲ့ပါတယ်။
2017-10-27
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံ ကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိခိုက်မှုရှိတယ်လို့ သူမြင်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။
2017-10-26
ပြည်သူ့လွှတ်တော်မှာဆွေးနွေးပြီး အမျိုးသား လွှတ်တော်ကို ပေးပို့လိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို အောက်တိုဘာလ (၂၆) ရက်နေ့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုက ဥပဒေကြမ်း ကို ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။