သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-05
၂၀၂၄ ခုနှစ်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း အရပ်သားပြည်သူတွေ အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
2025-02-05
ပွဲစားကတစ်ဆင့် လိမ်လည်မှုတွေနဲ့ လျှောက်ထားတာတွေရှိတဲ့အတွက် အထူးသတိထားကြဖို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2025-02-05
AA က မောင်တော၊ တောင်ကုတ်၊ ဂွနဲ့ အမ်းမြို့တွေကို အပြီးသတ်သိမ်းနိုင်ခဲ့သလို ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
2025-02-05
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစီရင်ခံစာတင်သွင်းရာမှာ မဟာဗျူဟာ ငါးရပ်ကို ထည့်သွင်းတင်ပြခဲ့တာပါ။
2025-02-05
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာ ၁၉ ရွာက အရပ်သားတွေ ထွက်ပြေးခဲ့တာပါ။
2025-02-05
လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီဖြတ်လိုက်တာကြောင့် တရားမဝင်လုပ်ငန်းတွေမှာ ထိုင်းနိုင်ငံပါဝင်နေတယ်ဆိုပြီး အပြစ်တင်လို့မရတော့ဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
2025-02-05
လူကုန်ကူးခံရသူတွေရှိကြောင်း အကြောင်းကြားလာရင် ရှာဖွေပြန်ပို့နေကြောင်း DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက RFA ကို ပြောပါတယ်။
2025-02-05
CDM မှာ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘဲ စစ်ကောင်စီက စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံခဲ့ရသူတွေလို့ ဆိုပါတယ်။
2025-02-05
အရပ်သားတွေကို စစ်ဆေးပြီး ငွေတောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက RFA ကို ပြောပါတယ်။
2025-02-05
စခန်းကိုပဲပြန်ရမယ်ဆိုပြီး IOM ဝန်ထမ်းတွေက လာပြောတဲ့အတွက် ကိုစောဘတို့ရဲ့ အမေရိကန်ခရီးစဉ်အိပ်မက် ပျက်ပြယ်ပြီး အရုပ်ကြိုးပြတ်ခံစားခဲ့ရပါတယ်။
2025-02-05
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-02-05
ကချင်ပြည်နယ်ထဲက မြေရှား၊ ရွှေ၊ ကျောက်စိမ်းနဲ့ ပယင်းထွက်ရာဒေသ အပါအဝင် နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို KIA က ထိန်းချုပ်ခဲ့ပြီးနောက် တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-02-05
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဉ်းချခံထားတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးဟာ အစာငတ်ခံ ဆန္ဒပြနေပါတယ်။
2025-02-05
မွန်ပြည်နယ်၊ ရေး မြို့မရဲစခန်း အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲက သုံးဦးကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ကယ်ဆယ်ထားတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြောပါတယ်။
2025-02-05
စစ်ကောင်စီအနေနဲ့ နိုင်ငံငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖွေဘဲ ကိုယ်တိုင်စွဲကိုင်ထားတဲ့အာဏာကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသုံးပြုဖို့ဆိုပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။